Home
အာရှဒေသ
အာဖဂန်တနိုင်ငံလုံး အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားခဲ့သည့် အုပ်စုဖွဲ့အဓမ္မကျင့်မှု
DVB
·
September 27, 2014
Afghan_Rape_Case_web_140920_672
လူထုရဲ့တခဲနက်ဆန့်ကျင့်မှုကို ဖြစ်စေခဲ့တဲ့ အုပ်စုဖွဲ့အဓမ္မကျင့်မှုဖြစ်ပြီးတဲ့နောက် အာဖန်အမျိုးသား ၅ ဦးကို သေဒဏ်ချမှတ်လိုက်ပါပြီ။ သြဂုတ်လက ကဘူးလ်မြို့ကို ပြန်လာတဲ့အမျိုးသမီး ၄ ဦးကို တိုက်ခိုက်ခဲ့တဲ့ အတွက် သူတို့မှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရလို့ပါပဲ။ ကျန်အမျိုးသား ၂ ဦးကိုတော့ ဒီသီတင်းပတ်မှာပဲ အယူခံတရားရုံး က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ဂါရောဝါဇိရိ ပေးပို့တဲ့သတင်းအရ အာဖဂန်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အနှံ့အပြားဖြစ်ပေါ်နေပေမယ့် ဒီအမှုကတော့ လူထုရဲ့အာရုံစိုက်မှုကို ရှားရှားပါးပါးရရှိ လိုက်တာ ဖြစ်ပါတယ်။ တရားရုံးအတွင်းမှာတော့ တရားလိုဘက်ရှေ့နေတွေက ကဘူးမြို့နားက နာမည်ကျော် အပန်းဖြေစခန်းကနေ ပြန်လာတဲ့ မိသားစုကို အမျိုးသား ၇ ဦးက အဓမ္မကျင့်ခဲ့ပုံကို တင်ပြနေပါတယ်။ သူတို့က အမျိုးသမီး ၄ ဦးကို ကားပေါ်မှာ မတရားကျင့်ခဲ့တဲ့အပြင် ပါလာတဲ့အမျိုးသားနဲ့ ကလေးတွေကို ရိုက်နှက်ပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်ယူငင်ခဲ့ကြပါတယ်။ Afghan_Rape_Case_web_140920_672ဒီအမျိုးသား ၇ ဦးက တရားရုံးမှာ ပြစ်မှုကျူလွန်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့ကြပါတယ်။ အမျိုးသားတဦးက လက်မောင်းမှာ အရေပြားစုတ်ပြဲဒဏ်ရာရထားပြီး အများစုက မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာတွေ ရထားပါတယ်။ အာဇစ်ကတော့ လုယက်မှုကိုကျူးလွန်ခဲ့ပေမယ့် အမျိုးသမီးတွေကို အဓမ္မကျင့်တဲ့ထဲမှာ မပါခဲ့ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ “အခုလွတ်နေတဲ့ ကျနော့်သူငယ်ချင်း မေ၀န်းက သူအိမ်ကို အလည်ခေါ်တာဗျ။ လမ်းလျှောက်ပြီး သွားနေတုန်းမှာ လုယက်မှုကို အတူလုပ်ဖို့ပြောတယ်။ ထောင်က ထွက်တာလည်း မကြာသေးလို့ မလုပ်ချင်ဘူးလို့ငြင်းပေမယ့် လုပ်ရအောင်ပါကွာဆိုပြီး ကျနော့်ကို ဆွယ်ခဲ့တာပါ” လို့ အာဇစ်ကပြောပါတယ်။ ကာယကံရှင်အမျိုးသမီးတွေကို ကင်မရာတဆင့်ရော လူကိုယ်တိုင်ပါ တရားခံတွေနဲ့တွေ့ဆုံ ဖော်ထုတ်စေခဲ့ပါတယ်။ တရားခွင်စစ်ဆေးချိန် ၂ နာရီကြာမြင့်ခဲ့Nပီး ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီအမှုဟာ တနိုင်ငံလုံးကို မှင်သက်မိသွားစေခဲ့ပါတယ်။ တရားရုံးရဲ့အပြင်မှာတော့ ထောင်ချီတဲ့လူအုပ်ကြီး စုဝေးရောက်ရှိနေပါတယ်။ အဲ့ထဲမှာပါဝင်တဲ့ ဆုရတိုက်ကွမ်ဒို အားကစားသမား နီဆာအာမတ်ဘဟာဝီးက "တခုပဲတောင်းဆိုချင်ပါတယ်။ အမျိုးသမီးတွေကို အဓမ္မကျင့်ပြီး အာဖဂန်နစ္စတန်နိုင်ငံကို အသရေဖျက်ခဲ့တဲ့ ဒီလူတွေကို သေဒဏ်ပေးဖို့ပါ” လို့ ပြောပါတယ်။ တရားရုံးက စီရင်ချက်မချခင်မှာ အာဖဂန်သမ္မတဟာမစ်ကာဇိုင်းက ဒီအမှုမှာ သေဒဏ်ပေးမယ်ဆိုရင် ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ “ဒီဓားပြတွေက ကျနော်တို့ရဲ့ နှမသားချင်းတွေအပေါ် ရိုင်းပြတဲ့လုပ်ရပ်ကို ကျူးလွန်လိုက်တယ်လို့ သိရတယ်။ ကျနော့်တဦးတည်း အမြင်အရပြောရရင် ဒီအမှုက သိပ်ဆိုးတယ်။ ပုံမှန်ဆိုရင် သေဒဏ်ပေးတာကို ဆန့်ကျင်ပေမယ့် ဒီလူတွေကို သေဒဏ်ပေးဖို့နဲ့ အမြန်ဆုံးဆောင်ရွက်ဖို့ ကျနော်တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။ တရားရုံးဝင်းအပြင်ဘက် လူအုပ်ထဲက လူအချို့ဟာ တရားခံတွေကို လူအများရှေ့မှာပဲ ကြိုးပေးစီရင်ဖို့ တောင်းဆိုနေပါတယ်။ တာလီဘန်တွေ အုပ်ချုပ်စဉ်ကာလက အမျိုးသားအားကစားရုံထဲက လူအများရှေ့မှာ ကြိုးပေးစီရင် ခဲ့တာက နောက်ဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ပြည်ပက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ တရားခွင် စစ်ဆေးမှု သိပ်မြန်လွန်းတဲ့အပေါ် စိုးရိမ်မိကြောင်း ဖော်ပြခဲ့ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ရဲ့ အကြီးတန်းသုတေသနမှူး ပက်ထရစ်ရှာဂေါ့စ်မန်က "ယုတ်ညံ့တဲ့ရာဇ၀တ်မှုဖြစ်တာနဲ့ တရားစီရင်ရေး လုပ်ထုံး လုပ်နည်းတွေပေါ် အကျိုးသက်ရောက်မှုမရှိသင့်ပါဘူး။ တရားဥပဒေစိုးမိုးရေးက ဘယ်သွားထားမှာလဲ” လို့ တွိတာစာမျက်နာမှာ ရေးသားခဲ့ပါတယ်။ အာဖဂန်နိုင်ငံသားရပိုင်ခွင့်ကို aထာက်ခံသူအများစုကတော့ အမြန်ဆုံး ကွပ်မျက်ဖို့ တောင်းဆိုမှုတွေကို အားပေးခဲ့ကြပါတယ်။ အာဖဂန်အမျိုးသမီးရပိုင်ခွင့် လှုပ်ရှားမှုအဖွဲ့ဝင် ဖာတီမာကိုဟီစတန်နီက “ဒီအမှုက အားလပ်ရက်အပန်းဖြေစခန်းရဲ့ ကွင်းပြင်ကြီးမှာဖြစ်ခဲ့တာကိုက တုန်လှုပ်စရာ ကောင်းပါတယ်။ နောက်ပြီးတော့ ဒီအမျိုးသမီးတွေရဲ့အဖော်အမျိုးသားတွေရှေ့မှာတင် ဒီအမှုကို ကျူးလွန်ခဲ့တာပါ။ လူထုက ခုလိုတုံ့ပြန်တယ်ဆိုတာက မုဒိန်းမှုနဲ့ပတ်သက်လာရင် တရားရေးစနစ်ရဲ့ခြစားမှုနဲ့ နှေးကွေးမှုတွေကို သိပ်ကို စိတ်ပျက်နေကြလို့ပါ။ ဒါကြောင့်လည်း ဒီအမှုမှာ တနိုင်ငံလုံးက အုတ်အော်သောင်းနင်း ဖြစ်သွားတာပါ။” လို့ ပြောပါတယ်။ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေများပေးမယ့် အာဖနစ္စတန်နိုင်ငံရဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းမှာ အမှု အများစုက အိမ်တွင်းမှာဖြစ်ကြတာများပါတယ်။ လက်နက်ကိုင်တွေက ကျူးလွန်တဲ့ အုပ်စုဖွဲ့အဓမ္မကျင့်မှု ကဘူးလ်မြို့မှာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမယ့် ဒီနိုင်ငံကနေ နိုင်ငံခြားတပ်ဖွဲ့တွေရုပ်သိမ်းတော့မှာမို့ စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ အာရှဒေသသတင်းဆောင်းပါး အစီအစဉ်အတွက် ဂါရောဝါဇိရိက အာဖဂန်နစ္စတန် ကဘူးလ်မြို့ကနေ သတင်း ပေးပို့ထားတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013