ဂျပန်နိုင်ငံ၊ ကာနာငါဝါခရိုင်က စာဂမိပင်လယ်အော်ရေပြင်မှာ အနက်ရောင် သံပခြုပ်တွေ မည်းမည်းလှုပ်မြင်တွေ့ရပါတယ်။
ပင်လယ် သံပခြုပ်တွေဟာ သူတို့သဘာဝအတိုင်း ပင်လယ်ထဲက အပင်တွေကို စားကြပါတယ်။ ဒါပေမဲ့ ကာနာငါဝါခရိုင်ရဲ့ ကမ်းရိုးတန်းမှာ သံပခြုပ်တွေ များလွန်းလို့ ပင်လယ်မြက်ပင်တွေ ပြုန်းတီးကုန်ပြီလို့ ခရိုင် ငါးလုပ်ငန်း နည်းပညာဌာနက သုတေသီတွေက မှတ်ချက်ပြုပါတယ်။
ရေငုပ်သမားတွေနဲ့ တံငါသည်တွေက ရေငုပ်ပြီး ဖယ်ထုတ်နေပေမဲ့ ပင်လယ်သံပခြုပ် အရေအတွက်က ကျဆင်းရုံသာဖြစ်လို့ အရေအတွက် တအားများတာ ရှင်းနေတယ်လို့ သုတေသီ ရှိုဇိုတာခမုရက ပြောပါတယ်။
လုပ်အားပေးအုပ်စုတွေကလည်း သံပခြုပ်တွေကို ကောက်ယူပြီး ပုံးတွေထဲ ထည့်ရင်း ဒေသတွင်း လယ်ကွင်းတွေမှာ မြေဩဇာအဖြစ် သုံးဖို့ ပို့နေကြတာပါ။
ဒါပေမဲ့ သံပခြုပ် အရေအတွက်ကို ထိန်းချုပ်ဖို့ အားထုတ်ရာမှာ ကူညီနိုင်မယ်လို့ ယုံကြည်ရင်း ခရိုင် ငါးလုပ်ငန်း နည်းပညာဌာနက သံပခြုပ်တွေကို ကောက်ယူဖို့ နည်းလမ်းသစ်ကို ရှာနေပါတယ်။
သုတေသနဌာနမှာ မွေးထားတဲ့ သံပခြုပ်တွေက ပစိဖိတ်ခရမ်းပြာ သံပခြုပ်ဖြစ်ပြီး ဂေါ်ဖီနဲ့ မုန်ညင်းနက်တွေလို အရွက်များတဲ့ ဟင်းသီးဟင်းရွက်တွေကို တကယ်ကြိုက်ကြတယ်လို့ သုတေသီ ခုတာခ ဟာရဒါက ပြောပါတယ်။
သုတေသနရဲ့ ရည်ရွယ်ချက်က ဂေါ်ဖီထုပ်ကျွေးပြီး ကုန်းပေါ်မှာ မွေးထားတဲ့၊ အရသာပိုရှိတဲ့ ပင်လယ်သံပခြုပ်တွေက ဝယ်သူတွေကို ဆွဲဆောင်နိုင်ပါတယ်။ ပင်လယ်သံပခြုပ်တွေကို ဖယ်ရှားဖို့ နောက်ထပ် အားထုတ်နိုင်ရေး ရန်ပုံငွေပေးဖို့နဲ့ ဒေသတွင်း ပင်လယ်မြက်တွေ ပေါက်နေတဲ့ ပင်လယ်ကြမ်းပြင်ကို ပြန်ရဖို့ ဖြစ်ပါတယ်။
Source-Reuters