ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ အကျဉ်းကျခံနေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပါတီအတွင်းရေးမှူးချုပ်ရုံးကို ဇူလိုင် ၂၂ ရက်က ဝင်ရောက်စီးနင်းကာ ခန်းရဲ့ အနီးကပ်လက်ထောက် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းမှာ တဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပါတီနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
အစ္စလာမ္မာဘတ်မြို့က အတွင်းရေးမှူးချုပ်ရုံးကို ရဲတွေက ပိတ်ဆို့ပြီး ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဂိုဟာခန်းနဲ့ သူ့ရဲ့ ပြန်ကြားရေးအတွင်းဝန် ရပ်ဖ် ဟတ်ဆန်တို့ကို ထိန်းသိမ်းခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဇူဖိခါ ဘူခါရီက ရိုက်တာသတင်းဌာနကို WhatsApp ကနေ စာတိုပေးပို့ ပြောဆိုပါတယ်။
ဖေဖော်ဝါရီမှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပြစ်ဒဏ်လေးရပ်စလုံးကို ဆိုင်းငံ့ပယ်ဖျက်ထားပေမဲ့ ထောင်ထဲမှာ နေနေရတာ တနှစ်လောက် ရှိနေပါပြီ။
ခန်းကို ဖမ်းဆီးတရားစွဲတာဟာ သူ့ကို အာဏာကနေ နုတ်ထွက်ဖို့ ရည်ရွယ်တဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ဖြိုခွင်းမှုလို့ ခန်းရဲ့ပါတီက ပြောထားပါတယ်။
သူ့ပါတီက ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး ရခဲ့ပါတယ်။ ပါကစ္စတန်မှာ သြဇာကြီးတဲ့ စစ်ဗိုလ်ချုပ်တွေကို အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်ခဲ့လို့ ၂၀၂၂ မှာ ဖြုတ်ချခံရတာလို့ ခန်းက ပြောပြီး စစ်တပ်ကတော့ စွဲချက်ကို ငြင်းဆိုထားပါတယ်။
Source-Reuters