ပါကစ္စတန်နိုင်ငံ၊ ကတ်တာမြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်က ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး လတ်တလော ပြီးဆုံးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုရှိတယ်လို့ စွပ်စွဲကာ တရားမျှတမှုရရှိရေး ဆန္ဒပြခဲ့ကြပါတယ်။
ဒီလအစောပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးတည်းက ဒုတိယ ကော်မရှင်နာရုံးရဲ့ အပြင်ဘက်မှာ ထိုင်သပိတ်တွေ ဆင်နွှဲနေခဲ့တာပါ။
ရွေးကောက်ပွဲဟာ အကြီးအကျယ်ကို မသမာခဲ့တာလို့ ဆန္ဒပြသူတယောက်က ပြောပြီး အမျိုးသမီးတွေကတော့ မဲတွေကို လေးစားပါလို့ ကြွေးကြော်ခဲ့ကြပါတယ်။
တခြားလူတွေကတော့ လမ်းကို ကုန်ကားတွေ၊ လူစီးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့ထားကြပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အပြတ်အသတ် မနိုင်ခဲ့ပေမဲ့ ထောင်ချခံ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက ကျောထောက်နောက်ခံပေးထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက လွှတ်တော်တွင်း အမတ်နေရာ ၂၆၄ နေရာထဲက ၉၂ နေရာကို အနိုင်ရခဲ့လို့ အကြီးဆုံးအုပ်စု ဖြစ်လာပါတယ်။
ရွေးကောက်ပွဲရဲ့ မျှတမှုကိုလည်း မေးခွန်းထုတ်နေကြပြီး မဲမသမာမှုစွဲချက်နဲ့ ဆန္ဒပြသူတွေက နိုင်ငံတဝန်း ချီတက် ဆန္ဒပြနေကြပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ စွဲချက်တွေကို ငြင်းဆန်ပြီး ဘယ်လို သီးခြားစိုးရိမ်မှုကိုမဆို တရားရေးဖိုရမ်တွေကနေတဆင့် ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters