ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်ဟာ ဝန်ကြီးချုပ် ဂေဘရီယယ် အက်တယ်နဲ့ သူ့အစိုးရတို့ ဇူလိုင် ၁၆ ရက်မှာ နုတ်ထွက်စာတင်တာကို လက်ခံဖို့ မျှော်လင့်ထားတယ်လို့ အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။
ဒါပေမဲ့ သူတို့ဟာ အစိုးရအဖွဲ့သစ်ကို ခန့်အပ်မပြီးမချင်း အိမ်စောင့်အစိုးရတာဝန်ကို ဆက်ယူသွားမယ်လို့လည်း ပြောပါတယ်။
ပြင်သစ် အိမ်စောင့်အစိုးရဟာ ယူရိုဇုန်ရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ လက်ရှိရေးရာတွေကို စီမံဆောင်ရွက်မှာဖြစ်ပေမဲ့ နှစ်စဉ်ဘတ်ဂျက်ကိုတော့ မတင်ပြနိုင်ဘဲ လွှတ်တော်ဆီကို ဥပဒေအသစ်တွေ မတင်သွင်းနိုင်သလို ကြီးကြီးမားမား အပြောင်းအလဲတွေလည်း မလုပ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အစိုးရရဲ့ အခန်းကဏ္ဍထဲမှာ ဇူလိုင် ၂၆ ရက်နေ့မှာစမယ့် အိုလံပစ်ပြိုင်ပွဲကို ချောချောမွေ့မွေ့ လည်ပတ်နိုင်စေရေးလည်း ပါနေပါတယ်။
အင်္ဂါနေ့က မက်ခရွန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်းအဝေး အပြီးမှာ ဝန်ကြီးတွေဟာ အေလီဇေ သမ္မတနန်းတော်ထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
Source-Reuters