အမေရိကန် နိုင်ငံစုံဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ AT&T ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတိုပေးပို့မှု မှတ်တမ်းတွေပါရှိတဲ့ သုံးစွဲသူအကောင့်ပေါင်း ၁၀၉ သန်းလောက်ရဲ့ အချက်အလက်တွေကို ဧပြီလမှာ တရားမဝင် ဒေါင်းလုဒ်ချ ကူးယူခံရတဲ့ ကြီးမားတဲ့ ဟက်ကင်းဖောက်ထွင်းယူမှုကို ကြုံတွေ့ခဲ့ရကြောင်း ဇူလိုင် ၁၂ ရက်မှာ ကုမ္ပဏီက ထုတ်ဖော်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို FBI က စုံစမ်းစစ်ဆေးနေပြီး အလုပ်ခွင်မှ AT&T ခေါ်ဆိုမှုမှတ်တမ်းတွေကို ပြင်ပကုမ္ပဏီ cloud ပလက်ဖောင်းကနေ ကူးယူပြီးနောက်မှာ အနည်းဆုံး လူတဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် တယ်လီကွန်းကုမ္ပဏီက ပြောပါတယ်။
ဒါဟာ သုံးစွဲသူ ဆက်သွယ်ရေးမှတ်တမ်းတွေကို သိသိသာသာ ချိုးဖောက်မှု တခုဖြစ်ကြောင်းလည်း ဆိုပါတယ်။
AT&T ချိုးဖောက်မှုဟာ အမေရိကန်နိုင်ငံသား အများအပြားကို တိုက်ခိုက်ဖို့ နောက်ဆုံးပေါ် ဟက်ကင်း ဖောက်ထွင်းမှုလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကို ထိခိုက်စေခဲ့တဲ့ ယူနိုက်တက် ကျန်းမာရေးဂရုရဲ့ Change ကျန်းမာရေးစောင့်ရှောက်မှု ယူနစ်မှာ ransomware တိုက်ခိုက်ခံရမှုရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
ကျိုးပေါက်သွားတဲ့ ဒေတာအချက်အလက်တွေမှာ ၂၀၂၂ ခုနှစ် မေလမှ အောက်တိုဘာလအကြား AT&T ရဲ့ ဆဲလ်လူလာနဲ့ ကြိုးဖုန်း အသုံးပြုသူ အားလုံးနီးပါးရဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတိုတွေ ပါဝင်တဲ့ ဖိုင်တွေ ပါ၀င်ကြောင်း AT&T က ပြောပါတယ်။
ဒေတာထဲမှာ ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပေးပို့မှု အကြောင်းအရာတွေနဲ့ လူမှုဖူလုံရေးနံပါတ်တွေလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေတော့ မပါဝင်ဘူးလို့ AT&T က ဆိုပါတယ်။
AT&T ဟာ တရားရေးဌာနရဲ့ တောင်းဆိုချက်အရ အဟက်ခံရမှုကို လူသိရှင်ကြား ထုတ်ဖော်ဖို့ နှောင့်နှေးခဲ့ပါတယ်။
Source: Reuters