Home
မြန်မာသတင်း
ကော့သောင်းတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ
DVB
·
June 26, 2024

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ လူအသုံးများတဲ့ MPT ဖုန်းလိုင်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး အသုံးပြုမရဖြစ်နေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

MPT ဖုန်းလိုင်းပြတ်တောက်တာ အခုဆိုရင် တပတ်နီးပါး ကြာပြီလို့သိရပြီး ဘာကြောင့် ပြတ်တောက်နေလဲဆိုတာကိုတော့ မသိရဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ကော့သောင်းမြို့ခံတစ်ဦးက “ဖုန်းလိုင်းက ကော့သောင်းတမြို့တည်း မရဘူး။ ကျန်တဲ့နေရာတွေ ရတယ်။  MPT က  ဖုန်းလိုင်းရော အင်တာနက်ရော မရတာပါ။ မြို့ထဲမှာ MPT ဝိုင်ဖိုင်သုံးသမားတွေတော့ (password) ပြန်ချိန်းကြတာပေါ့။ အရင်က မနက်ပိုင်း လိုင်းပြတ်ပြီး ညနေလောက်ပြန်ရတယ်။ အခုက လိုင်းပြန်မရတာ တပတ်လောက်ကြာပြီ"လို့ ပြောပါတယ်။

အရင်က ကော့သောင်းမှာ ဖုန်းလိုင်းပြတ်တောက်တာရှိပေမဲ့ အခုလို့ တပတ်နီးပါးအကြာထိ ဖုန်းလိုင်းပြတ်တောက်တာမရှိဘဲ နေ့ဝက်လောက်ထိသာ ဖုန်းလိုင်းသုံးမရတာမျိုး ကြုံဖူးသေးတယ်လို့ ပြောပါတယ်။

ကော့သောင်းမြို့ခံအမျိုး သမီးတဦးက "တချို့ကတော့ MPT နံပါတ်နဲ့ ဖွင့်ထားတဲ့ wave အကောင့်တို့ K-Pay အကောင့်တို့ ဝင်မရတော့ ဘူးပြောကြတယ်။ ဖုန်းလိုင်းပြန်ပြောင်းလိုက်ရင် ပြန်ရတယ်ပေါ့။ MPTက အသုံးများတယ်လေ။ ဦးသိန်းစိန် လက်ထက်ကတည်းက MPT ကတ်သုံးတဲ့လူတွေ၊ လုပ်ငန်းရှင်တွေ ခက်ခဲမှာပေါ့"လို့‌ ပြောပါတယ်။

လက်ရှိ ကော့သောင်းမှာ MPT ဖုန်းလိုင်းတစ်ခုသာ ပြတ်တောက်နေတာဖြစ်ပြီး တခြား ဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ Mytel ၊ Ooredoo နဲ့  Telenor ဆင်းကတ်တွေကို ပြောင်းလဲ အသုံးပြုနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013