Home
မြန်မာသတင်း
မြန်မာ့အရေးဆိုင်ရာ အထူးနိုင်ငံတကာရာဇဝတ်ခုံရုံး ထူထောင်ရန် SAC-M တိုက်တွန်း
DVB
·
June 25, 2024

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အထူးနိုင်ငံတကာရာဇဝတ်ခုံရုံးတရပ်ကို ထူထောင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မြန်မာနိုင်ငံမှာ ICC ရဲ့ အာဏာကိုလက်ခံခဲ့ပေမဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ အခုအချိန်ထိ လုပ်ဆောင်မှု မပြုလုပ်သေးတာကြောင့် မြန်မာအခြေအနေနဲ့ စပ်လျဥ်းပြီးတော့  ဒါကို လက်မလွှတ်တမ်း အသုံးချနိုင်ခြင်းမရှိပါက ခုလိုထူထောင်သင့်တယ်လို့ ပြောလိုက်တာပါ။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၆ ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက မြန်မာနိုင်ငံအခြေ အနေဆိုင်ရာ အစီရင်ခံစာအသစ်ကို တင်ပြခဲ့ပြီး မဟာမင်းကြီးက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်  စိုးရိမ်ကြောင်းနဲ့  ရိုဟင်ဂျာတွေ ပြေးစရာမြေမရှိ ဖြစ်နေကြောင်း အလေးပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဟာ နိုင်ငံတွင်း အပြင်းထန်ဆုံးသောနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေရဲ့ သက်သေခံချက်တွေကို ဆက် လက်စုဆောင်းနေဆဲဖြစ်ကာ ဒါက စစ်အုပ်စုကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ထားတဲ့ ချိုး ဖောက်မှုတွေအတွက်သာ မဟုတ်ဘူးလို့ ဆိုပါတယ်။

SAC-M အနေနဲ့ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်သူတွေ အပြစ်ပေးအရေးယူခံရခြင်း ကနေ ကင်းလွတ်ခွင့် ရရှိနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ IIMM က စုဆောင်းထားတဲ့ သက် သေတွေကို ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် တရားစီရင်ရေး အာဏာကို သေချာစေခြင်းနဲ့ တာဝန်ယူ/ခံမှု ပိုမိုရှိလာစေရေးအတွက် အမြန်ဆုံး လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ထပ်မံတောင်းဆိုလိုက်တာပါ။ 

လုံခြုံရေးကောင်စီ ဒါမှမဟုတ် ရောမပြဋ္ဌာန်းဥပဒေစာချုပ် (Rome Statute) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုသင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာ နာထောက်ထားမှုဥပဒေအရ ပြည်သူတွေရဲ့ လုံခြုံရေးကို လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ ဘယ်လိုအချိန်မှာမဆို အာမခံဖို့ တာဝန်ရှိကြောင်းလည်း အလေးပေးပြောကြားထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013