စစ်ကိုင်းတိုင်း၊ မုံရွာမြို့နားက လယ်ဇင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန် ၂၁ ရက် နေ့ခင်း ၁ နာရီကျော်မှာ ရွာအတွင်းဝင်ရောက်လာပြီး ရွာကို မီးရှို့နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အခုလို ရုတ်တရက်ကြီး ရွာအတွင်းဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံရွာသားတွေ ရွာအတွင်းကနေ ထွက်ပြေးခဲ့ရပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လယ်ဇင်ရွာသားတဦးက “ရွာထောင်ရွာဘက်ကနေ နုန်းကားတွေနဲ့ လိုက်လာတာထင်တယ်။ နုန်းမြေတွေက ကွမ်းခြံထဲထည့်ဖို့ ကွမ်းခြံပိုင်ရှင်တွေ ဝယ်ကြတာဗျ။ အဲဒီကားတွေ တားလိုက်လာတာ။ ရွာထဲလည်းရောက်ရော သေနတ်တွေ ပစ်ဖောက်တော့တာပါပဲဗျ။ ကျနော်တို့ကတော့ လွတ်အောင်ထွက်ပြေးလာနိုင်ခဲ့တယ်။ သူတို့နဲ့ အနီးဆုံး ပြည်သူတွေကတော့ ဖမ်းဆီးခံရလောက်တယ်” လို့ ပြောပါတယ်။
ရွာအတွင်းရောက်ရှိပြီး စစ်တပ်က ပြည်သူနေအိမ်တွေကို မီးရှို့နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရွာအတွင်း အခြေအနေကတော့ ဘာမှမသိရသေးဘူး။ ရွာအပြင်ကနေ မြင်နေရတာဟာ ရွာထဲကနေ မီးခိုးလုံးတွေ ကောင်းကင်တက်လာတာပဲ မြင်ေနရတယ်။ စစ်ေ–းတွေက ရွာထဲက မထွက်ကြသေးဘူးရယ်။ ကနဦး စရှို့တာက ရွာမြောက်ဘက်ပိုင်းက စရှို့တာ။ ခဏနေကျတော့ ရွာအလယ်ပိုင်းထဲ ပတ်ရှို့နေတာ။ အခုလောလောဆယ်ကတော့ အိမ်အလုံးအရေအတွက် ၆ လုံး အနည်းဆုံးရှိလိမ့်မယ်ထင်တယ်” လို့ ပြောပါတယ်။
လယ်ဇင်ရွာကို စစ်ကောင်စီတပ်က ၂၀၂၄ မတ် ၁၄ ရက်ကလည်း အခုလို မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။