မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီသီတင်းပတ်မှာ ဆာဘားပြည်နယ် ကမ်းရိုးတန်းတဝိုက်ရှိ ပင်လယ်ပျော်အသိုင်းအဝိုင်းမှ လူပေါင်း ၅၀၀ ကျော်ကို သူတို့ရဲ့ နေအိမ်တွေကနေ နှင်ထုတ်ခဲ့တယ်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
တွန်ဆာကာရန်ကမ်းခြေမှာ အမျိုးသားအများအပြားက သစ်သားတဲတလုံးကို တွန်းလှဲဖြိုချပြီး မီးရှို့ဖျက်ဆီးနေကြပြီး ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်စီးသွားတဲ့ အဆောက်အဦမျိုးစုံရဲ့ အပျက်အစီးတွေကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။
ကမ်းရိုးတန်းအိမ်တွေဟာ နိုင်ငံမဲ့ ပင်လယ်ပျော် ခြေသလုံးအိမ်တိုင် အများစုဖြစ်တဲ့ ဘာဂျောင်လောက်ထ် အသိုင်းအဝိုင်းက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
သူတို့ဟာ ဘာသက်သေခံ စာရွက်စာတမ်းတွေမှမရှိဘဲ မွေးဖွားလာကြပြီး အများစုဟာ ပညာရေး၊ ဘဏ္ဍာရေး နဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဘာအခြေခံအခွင့်အရေးကိုမှ လက်လှမ်းမမီကြပါဘူး။
သူတို့ကို နိုင်ငံမဲ့နေထိုင်သူတွေလား၊ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေလား ဆိုတာကို မခွဲခြားတတ်တဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရမှာနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာတွေကို စိုးရိမ်ကြောက်လန့်ပြီး နေထိုင် အသက်ရှင်နေကြတာ ဖြစ်ပါတယ်။
Source: Reuters