Home
နိုင်ငံတကာ
ဟိမဝန္တာ တောင်ထိပ်ပေါ်မှ အမှိုက် ၁၁ တန်ကျော် ဖယ်ရှား
DVB
·
June 7, 2024
Photo-Reuters

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် အပါအဝင် ဟိမဝန္တာတောင် ၂ ခုအပေါ်မှာ အမှိုက် ၁၁ တန်၊ ရုပ်အလောင်း ၄ လောင်းနဲ့ အရိုးစု ၁ ခုကို ဒီနှစ်မှာ ဖယ်ရှားခဲ့ရတယ်လို့ နီပေါစစ်တပ်က ပြောပါတယ်။

ဧဝရတ်၊ နပ်ဆီ၊ လော့ဆီတောင် ၃ ခုပေါ်က အမှိုက်တွေနဲ့ ရုပ်အလောင်းတွေကို နီပေါစစ်တပ်က ၅၅ ရက်ကြာ ရှင်းလင်းခဲ့ရတာ ဖြစ်ပါတယ်။

ဧဝရတ်တောင်မှာ အမှိုက်တန်ချိန် ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပြီး နီပေါစစ်တပ်က နှစ်စဥ် ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က တောင်တက်သမားတွေ အလွန်များပြားခဲ့ပြီး အမှိုက်တွေလည်း များခဲ့တာကြောင့် ကမ္ဘာ့အမြင့်ဆုံးအမှိုက်ပုံအဖြစ် မကြာခဏ ဖော်ပြကြပါတယ်။

၂၀၁၉ တုန်းက တောင်တက်သူတွေဟာ တောင်ထိပ်ကိုရောက်ရှိဖို့ အန္တရာယ်တွေနဲ့ ကြုံခဲ့ရပြီး အဲဒီအချိန်တုန်းက အမှိုက် ၁၁၉ တန်ရှိခဲ့ပြီး ၅ တန်သာ ရှင်းလင်းခဲ့ကာ ရုပ်အလောင်း ၁၄ လောင်းနဲ့ အရိုးတချို့ တွေ့ခဲ့ဖူးတယ်လို့ နီပေါစစ်တပ်က ဆိုပါတယ်။

ဒီနှစ်မှာတော့ အာဏာပိုင်တွေက အမှိုက်တွေကို လျှော့ချဖို့နဲ့ တောင်တက်သူတွေကို ကယ်တင်ဖို့ ခြေရာစက်တွေ ပြုလုပ်ထားပြီး သူတို့ရဲ့အမှိုက်တွေလည်း ပြန်လည်သယ်ဆောင်မှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အနာဂတ်မှာတော့ တောင်စောင့်တပ်သားအဖွဲ့ ပြုလုပ်ဖို့ရှိပြီး အမှိုက်ပစ်မှုတွေကို စောင့်ကြည့်ဖို့နဲ့ ရှင်းလင်းရေးလုပ်တဲ့နေရာမှာ ငွေပိုသုံးဖို့ အစီအစဥ်ရှိကြောင်း နီပေါ ခရီးသွားဌာန ဒါရိုက်တာ ရာကတ်ဂူရန်က ပြောပါတယ်။

နွေရာသီ တောင်တက်ချိန်က မေလမှာ ကုန်ဆုံးခဲ့ပြီး အစိုးရက တောင်တက်သမားပေါင်း ၄၂၁ ဦးကို တက်ခွင့်ပြုခဲ့ကာ ပြီးခဲ့တဲ့နှစ်ကတော့ ၄၇၈ ဦးကို ခွင့်ပြုခဲ့တာ တွေ့ရပါတယ်။

ဒီအရေအတွက်မှာ နီပေါလမ်းပြအရေအတွက် မပါဝင်လို့ ဒီနှစ် တောင်တက်သမားဦးရေ ၆၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒီနှစ်အတွင်း တောင်တက်သမား ၈ ဦး ပျောက်ဆုံးနေပါတယ်။ နီပေါအစိုးရအနေနဲ့ တောင်တက်သမားတွေ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရေအတွက်သတ်မှတ်ဖို့ ဆုံးဖြတ်ရဖွယ် ရှိပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013