မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အလွန်ကို ထူးထူးကဲကဲ ကြီးမားတဲ့ ၆၀၀ မီလီမီတာရှိ ဒုံးပစ်လောင်ချာ (MLRS) ပစ်ခတ်လေ့ကျင့်မှုကို လမ်းညွှန်ပြသခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က မေ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
MLRS လက်နက်ကြီးဟာ လောင်ချာ အများအပြားပါရှိတဲ့ ဒုံးပျံအမြောက်စနစ် အမျိုးအစား ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ တိုက်ခိုက်မှုကို တန်ပြန်ဖို့ လိုအပ်လာရင် တောင်ကိုရီးယားရဲ့ “လူဆိုးလူမိုက်အစိုးရကို ကြိုတင်ကာကွယ် တိုက်ခိုက်ဖို့ ဆန္ဒရှိကြောင်း ပြသတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတခု ပြုလုပ်ခဲ့ကြောင်း” KCNA က ပြောပါတယ်။
KCNA က ထုတ်ဝေတဲ့ ဓာတ်ပုံတွေမှာ KN-25s လို့ ကျွမ်းကျင်သူတွေ သိထားကြတဲ့ ဒုံးကျည် ၁၈ စင်းဟာ မိုဘိုင်းလ် ဒုံးလွှတ်စင်တွေကနေ ဝေဟင်ထဲကို တက်လာတာ တွေ့မြင်ရပြီး အဲဒီဓာတ်ပုံတွေကို ရိုက်တာက သီးခြား အတည်မပြုနိုင်ပါဘူး။
မေ ၃၀ ရက်က မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းမှာ ပစ်ခတ်ခဲ့တဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်းကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက်မှာ ဒီအစီရင်ခံစာ ထွက်လာဖြစ်ပြီး ဒါဟာ ရုရှားအပါအဝင် ဝယ်လိုသူတွေကို ခင်းကျင်းပြသတဲ့ ဖြစ်နိုင်ခြေတခုလို့လည်း ဆိုပါတယ်။
ကြာသပတေးနေ့က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် နည်းပညာဟာ အဆင်အခြင်မဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အများအပြားကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဆိုပါတယ်။
Source-Reuters