Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် လမ်းချော်ပြီး ကား ၃ စီး တိမ်းမှောက်၊ ၁၈ ဦးဒဏ်ရာရ
DVB
·
May 19, 2024
PyinOoLwinCarAccident_19052024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်မှာ  မေ ၁၈ ရက် ညနေပိုင်းက မိုးရွာအပြီး လမ်းချော်လို့ ကား ၃ စီး တိမ်းမှောက်ပြီး လူ ၁၈ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ရတနာပုံမြို့သစ်၊ မိုင်တိုင်အမှတ် ၂၆ အနီး၊ မေမြို့-မန္တလေး အဆင်းလမ်း၊ ပြင်စာ ဈေးတန်းအနီးမှာ မနေ့က ညနေ ၅ နာရီ မိနစ် ၅၀ အချိန်လောက်က Canter ၁၀ ပေတိုတစီး အပါအဝင် ယာဉ် ၃ စီး လမ်းချော်တိမ်းမှောက်ခဲ့တာပါ။

သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းဝင်တယောက်က “လိုက်ထရပ်က လမ်းချော်ပြီး တွဲကားကို ဝင်တိုက်တာ။ ဒဏ်ရာ ရတာကတော့ လိုက်ထရပ်နဲ့ Canter ၁၀ ပေတို ကားပေါ်ကလူတွေပါ။ ဒဏ်ရာတွေက အရမ်းကြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ပွန်းပဲ့ရုံလောက်နဲ့ ငြိတာစွန်းတာလောက်ပဲ ရှိတာ။ ဒဏ်ရာရတဲ့ ၁၈ ယောက်မှာ ကျနော်တို့ ဆေးရုံပို့တာက စုစုပေါင်း ၁၂ ယောက်ပါ။ ကျန်တဲ့ ၆ ယောက်‌ကတော့ ဘာမှသိပ်မဖြစ်တော့ ကားနားလေးပဲနေခဲ့ကြတယ်။ ဆေးရုံပို့တဲ့သူတွေထဲမှာ စိုးရိမ်ရ တယောက် ပါပေမယ့် အရမ်းကြီးတော့ ဒဏ်ရာမပြင်းပါဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ဖြစ်ပြီး  အမျိုးသမီး ၁ ယောက်ကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

Photo - သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013