အခုနှစ်ရာသီကုန်ဆုံးချိန်မှာ လီဗာပူးနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ကြောင်း ဟော်လန် နည်းပြ အမ်စလော့က အတည်ပြုသွားပါတယ်။
လီဗာပူးအသင်းဟာ လာမဲ့တနင်္ဂနွေနေ့မှာ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ နည်းပြယာဂန်ကလော့ပ်ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲစဉ် ဖြစ်လာမှာပါ။
အသင်းကနေထွက်ခွါမယ့်ကလော့ပ်ရဲ့နေရာကို ဟော်လန်ကလပ် ဖီယင်နုနည်းပြ အမ်းစလော့ကို တာဝန်ပေးခဲ့တာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့ တရားဝင်စာချုပ်ချုပ် ဆိုသွားဖို့ရှိပါတယ်။
နည်းပြအမ်းစလော့ကိုယ်တိုင်ကလည်း လီဗာပူးနည်းပြဖြစ်လာမယ်လို့ အတည်ပြုခဲ့သလို အလုပ်လုပ်ကိုင်ခွင့်ပြုစာ မရသေးတာကြောင့် လီဗာပူးအသင်းဘက်က တရားဝင်သတင်း မထုတ် ပြန်သေးတာလို့သိရပါတယ်။
အသက် ၄၅ နှစ်ရှိ ဟော်လန်နည်းပြ အမ်းစလော့ဟာ အေဇက်အယ်ခ်မာအသင်းကနေ ၂၀၂၁ ခုနှစ်က ဖီယင်နုအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဟော်လန်လိဂ်အမှတ်ပေးချန်ပီယံ ဆုဖလားရယူပေးခဲ့ပါတယ်။