လီဗာပူးအသင်းဟာ တရာသီအတွင်း သွင်းဂိုး ၉၀ ရရှိခဲ့တဲ လူငယ်ကစားသမား ဖီဂွယ်ရိုအာကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ဖီဂွယ်ရိုအာဟာ လီဗာပူးအသင်း ယူ-၁၄ အသင်းမှာ ပါဝင်ယှဉ်ပြိုင်စဉ်က တရာသီအတွင်းမှာ သွင်းဂိုး ၉၀ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
ကီရိုလ်ဖီဂွယ်ရိုအာဟာ ဝီဂန်နဲ့ ဟားလ်စီးတီးကစားသမားဟောင်း ဖီအလက်ဆစ် ဖီဂွယ်ရိုအာရဲ့ သားဖြစ်ပြီး အမေရိကန်လူငယ်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။
အမေရိကန် ယူ-၁၇ လူငယ်အသင်းနဲ့အတူ ယူ-၁၇ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တက်ရောက်ခဲ့ပြီး ကွန်ကာကပ်ဖ်ဇုန်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
လက်ရှိအချိန် လီဗာပူး ယူ- ၁၈ သင်းမှာ ခြေစွမ်းပြ ကစားနေပြီး ယူ-၂၁ အသင်းနဲ့ စီနီယာအသင်းကြီးမှာလည်း ပါဝင်ကစားခွင့် ရဖို့ရှိပါတယ်။
Photo - Reuters