မန်ယူအသင်းဟာ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်အတွက် မက်ဂွဲယားကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
အင်္ဂလန်လက်ရွေးစင် နောက်ခံလူဖြစ်လာတဲ့ ဘရန့်ဝိတ်ဟာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်နဲ့ စီမံခန့်ခွဲမူအဖွဲ့ရဲ့ ဦးစားပေးပစ်မှတ် ကစားသမားတဦး ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အရပ် ၆ ပေ ၅ လက်မအမြင့်ရှိပြီး အသက် ၂၁ နှစ်သာရှိသေးတဲ့ ဂျရတ်ဘရန့်ဝိတ်ကို အဲဗာတန်အသင်းက ပေါင်သန်း ၇၀ ခန့် ဈေးနှုန်းသတ်မှတ်ထားတာပါ။
မန်ယူအသင်းအနေနဲ့ ဘရန့်ဝိတ်ကို ခေါ်ယူဖို့အတွက် နောက်ခံလူ မက်ဂွဲယားကို အလိုက်ပေး ကမ်းလှမ်းပြီး ပြောင်းရွှေ့ကြေး အများကြီး မကုန်ကျဖို့ ကြိုးပမ်းနိုင်တယ်လို့ ဒေးလီးစတားသတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၁ နှစ်ရှိ နောက်ခံလူ မက်ဂွဲယားအတွက် ပေါင်သန်း ၂၀ ခန့် သတ်မှတ်ကာ ပေါင်သန်း ၅၀ လောက်နဲ့ ဘရန့်ဝိတ်ကို ခေါ်ယူဖို့ မန်ယူအသင်းက မျှော်လင့်နေပါတယ်။
Photo - Reuters