Home
နိုင်ငံတကာ
AUKUS ၃ နိုင်ငံ ကာကွယ်ရေးသဘောတူညီချက်တွင် တောင်ကိုရီးယား ပူးပေါင်းပါဝင်ရေး ဆွေးနွေး
DVB
·
May 2, 2024
Australia and South Korea Foreign and Defence Ministers' Meeting in Melbourne

အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့အကြား AUKUS ကာကွယ်ရေးသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် တောင်ကိုရီးယားနိုင်ငံက  ပူးပေါင်းပါဝင်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင်းဝန်းဆစ်ခ်က မေ ၁ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် ဒီသီတင်းပတ်တွေအတွင်း ဂျပန်နိုင်ငံပါ ဝင်ရောက်ခွင့်ရရေး တရားဝင်ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။

AUKUS ဟာ အာရှပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ဩဇာကို ဆန့်ကျင်ဖို့ ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်းပါ။ ၂၀၂၁ ခုနှစ်မှာ ၃ နိုင်ငံက ဖွဲ့စည်းခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်လည်း  ဖြစ်ပါတယ်။

သဘောတူညီချက်ရဲ့ ပထမအဆင့်မှာ သြစတြေးလျနိုင်ငံက လိုချင်နေတဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာကို ပေးဖို့ဖြစ်ပြီး အဓိကအဖွဲ့ဝင် ၃ နိုင်ငံကိုသာ ကန့်သတ်ထားပါတယ်။

ဒုတိယအဆင့်မှာတော့ "Pillar 2" လို့ခေါ်ပြီး ကွမ်တမ်ကွန်ပြူတာနဲ့ အသံထက်မြန်တဲ့ ဒုံးပျံတွေအပါအဝင် နယ်ပယ်များစွာမှာ စစ်ဘက်ဆိုင်ရာနည်းပညာမျှဝေဖို့ကို အာရုံစိုက် ထားပါတယ်။

မဲလ်ဘုန်းမြို့မှာ သြစတြေးလျနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြောက်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းအပါအဝင် နိုင်ငံခြားရေး နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ခြုံငုံဆွေးနွေးခဲ့ကြပါတယ်။

Source/Photo-REUTERS/Asanka Brendon Ratnayake

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013