မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ဧပြီ ၂၉ ရက် ညနေပိုင်းက အချိန်အခါမဟုတ် လေပြင်းတွေ တိုက်ခတ်ခဲ့လို့ လူနေအိမ် ၇၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပျော်ဘွယ်မြို့နယ် ကန်တဲကျေးရွာမှာ လေပြင်းတိုက်လို့ လူနေအိမ်ခြေ ၇၀ နီးပါး ခေါင်မိုးတွေ ပျက်စီးတာ၊ နေအိမ်အကာတွေ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ညနေ ၆ နာရီခွဲလောက်မှာ လေပြင်းစတိုက်တယ်။ လေပြင်းက တချက် တချက် ဆောင့်တိုက်တာ။ ရွာထဲက အိမ်တချို့ အမိုးလန်တာ အိမ်ဘေးအကာတွေ ပြိုကျတာတွေ ဖြစ်သွားတယ်။ အိမ်အတော်များများကတော့ ပျက်စီးသွားတာပဲ။”
လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူနဲ့ တိရစ္ဆာန်တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကန်တဲကျေးရွာဟာ လူဦးရေ ၄၀၀၀ ကျော် နေထိုင်တဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။
Photo - Cj