Home
မြန်မာသတင်း
မဲဂရက်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
DVB
·
April 13, 2024
mader 1342024

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးဖိုးဆောင်းကို  ဧပြီ ၁၂ ရက် ညနေ ၆ နာရီခွဲလောက်က မဲဂရက်အုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီး လမ်းမပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဟင်္သာတမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မဲဂရက်အုပ်ချုပ်ရေးမှူးကို သတိပေးမှု အကြိမ်ကြိမ်လုပ်တယ်၊ မလိုက်နာဘဲ စစ်မှုထမ်းဥပဒေကို လိုက်လုပ်လို့ ရှင်းလိုက်တာ နေရာမှာ သေသွားတာပါ။” 

မဲဂရက်အုပ်ချုပ်ရေးမှူးဟာ မဲဂရက် - ရှားခဲ လမ်းမပေါ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

မဲဂရက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းဟာ စစ်ကောင်စီ အာဏာသိမ်းပြီးကာလမှ အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး ပြည်သူတွေ ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးတောင်းခံတာ၊ လောင်းကစားဝိုင်းတွေ ဦးဆောင်ပြုလုပ်တာ၊ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ကျေးရွာနေပြည်သူတွေဆီကနေ မတရားငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာကြောင့် အကြိမ်ကြိမ်သတိပေးခဲ့တယ် ဟင်္သာတမြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

"ဟင်္သာတမြို့နယ်ထဲမှာလည်း စစ်ကောင်စီပေါင်းပြီး ပြည်သူအပေါ်ခြိမ်းခြောက်နေတယ် အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားတာတွေလုပ်ထားတယ်။ မလိုက်နာရင် ဆက်လက်လုပ်ကိုင်နေရင်  ထိုက်သင့်တဲ့ ပေးဆပ်မှုတွေ ပေးဆပ်ရပါလိမ့်မယ်” လို့ ဟင်္သာတမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက  DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်းရှိ  ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေ စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြည်သူတွေအား အဓမ္မခြိမ်းခြောက် ဖိအားပေးလုပ်ဆောင်ပါက တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013