လီဗာပူးအသင်းနဲ့ ဆွေးနွေးမှုလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း စပို့တင်လစ္စဘွန်းနည်းပြ အာမိုရင်က ရှင်းလင်း ပြောကြားသွားပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ်ရာသီအကုန်မှာ အသင်းကနေထွက်ခွါမဲ့ နည်းပြကလော့ပ်နေရာမှာ ပေါ်တူဂီကလပ် စပို့တင်းနည်းပြ ဟူဘင်အာမိုရင်နဲ့ အစားထိုးခန့်အပ်ဖို့ ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲတခုမှာ လီဗာပူးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ် နည်းပြ အာမိုရင်က ငြင်းဆိုသွားခဲ့ပြီး လီဗာပူးအပါအဝင် ဘယ်အသင်းနဲ့မှ ဆွေးနွေးမှု မလုပ်ဆောင်ခဲ့ကြောင်း၊ စပို့တင်းကို ချန်ပီယံဆု ဖလားရရှိအောင် လုပ်ဆောင်ပေးဖို့သာ ပစ်မှတ်ထားကြောင်း အာမိုရင်က ပြောပါတယ်။
အနာဂတ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအကြိမ် ဖြေရှင်းချက်ပေးတာဖြစ်ပြီး စပို့တင်းအသင်းအပေါ်မှာပဲ အာရုံစိုက် ထားကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo-Reuters