ချန်ပီယံလိဂ်မှာ တွေ့ဆုံရမယ့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းအပေါ် ကြောက်ရွံ့နေဖို့ မလိုအပ်ကြောင်း အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ပြောသွားပါတယ်။
အာဆင်နယ်ဟာ လာမယ့် ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာပါ။
အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး ဟယ်ရီကိန်းအပေါ် ကြောက်ရွံ့နေဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်းအပေါ် အိုဒီဂတ်က ပြန်လည်ဖြေကြားသွားတာပါ။
ဟယ်ရီကိန်းနဲ့ ပွဲစဉ်အတော်များများ ရင်ဆိုင်ကစားခဲ့ရဖူးလို့ ကစားသမားကောင်းတဦး ဖြစ်ကြောင်း၊ ဧရိယာထဲမှာ သူ့ရဲ့လှုပ်ရှားပုံနဲ့ ချိတ်ဆက်ကစားတတ်ပုံတွေကို သိရှိထားပြီး ဟယ်ရီကိန်းအပေါ် ကြောက်ရွံ့နေဖို့ မလိုအပ်ကြောင်း အိုဒီဂတ်က ပြောပါတယ်။
ကိုယ့်အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်လာဖို့သာ အာရုံစိုက်ရမှာဖြစ်ပြီး ဘယ်အသင်း၊ ဘယ်ကစားသမားကိုမှ ကြောက်ရွံ့နေဖို့ မလိုအပ်ကြောင်း အိုဒီဂတ်က ပြောသွားပါတယ်။
Photo-Reuters