ပရိသတ်တွေ မျှော်လင့်နေကြတဲ့ နာမည်ကြီး Godzilla x Kong: The New Empire ရုပ်ရှင်ကို မတ် ၂၅ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ အထူးပွဲပြသခဲ့ပါတယ်။
ဒီပွဲကိုတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး မတ် ၂၇ ရက်မှာ နိုင်ငံတကာမှာ ရုံတင်ပြသသွားမယ်လို့ ဆိုပါတယ်။
ကြမ်းတမ်းတဲ့ အကောင်ပလောင်တွေရဲ့ တိုက်ခိုက်မှုဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့ မွန်းစတားရုပ်ရှင် Godzilla x Kong: The New Empire ဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားတာပါ။
Warner Bros. Pictures ကထုတ်လုပ်တဲ့ ဒီကားကိုတော့ ဒါရိုက်တာ အဒမ်ဝင်းဂါ့ဒ်က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Godzilla vs. Kong ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ၅ ကားမြောက် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ရေဗက္ကာဟောလ်က ဒေါက်တာ အေလင်း အန်ဒရူးစ်အဖြစ် ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဘရိုင်ယန် ထိုင်ရီ ဟင်နရီ၊ ဒန်စတီဗင်စ်၊ ကေလီ ဟော့တဲလ်စတဲ့ သရုပ်ဆောင်တွေနဲ့ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးပုံဖော် ရိုက်ကူးထားခဲ့တာပါ။
ကြာမြင့်ချိန် ၁၄၅ မိနစ်ရှိတဲ့ ဒီကားကိုတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်း ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။
Source/Photo- Reuters