Home
နိုင်ငံတကာ
ယူကရိန်း ရှင်သန်ရေး အန္တရာယ်ကျရောက်နေပြီဟု အမေရိကန် ဝန်ကြီး သတိပေး
DVB
·
March 20, 2024
U.S. Defense Secretary Austin hosts Ukraine Defense Contact Group meeting at Ramstein

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က ယူကရိန်း ရှင်သန်ရေးဟာ အန္တရာယ် ကျရောက်နေပြီလို့ မတ် ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။

ယူကရိန်းအစိုးရကို ကူညီဖို့ ကတိပေးထားတဲ့ အမေရိကန်လို မဟာမိတ်တွေကိုလည်း စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေကို ဆက်ပြီး လက်နက်တပ်ဆင်ပေးဖို့ အမေရိကန်မှာ ငွေကြေး မလုံမလောက် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ရီပတ်ဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၆၀ ဘီလီယံ ထောက်ပံ့ပေးမယ့် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ ငြင်းဆိုထားပြီး အိမ်ဖြူတော်က ရုရှားတပ်တွေကို နှစ်နှစ်ကျော်ကြာအောင် တိုက်ခိုက်နေတဲ့ ယူကရိန်း အစိုးရကို အကူအညီတွေပေးပို့နိုင်ရေး နည်းလမ်းရှာဖို့ အခက်တွေ့နေပါတယ်။

ဂျာမနီနိုင်ငံ ရမ်စတိန်း လေတပ်စခန်းမှာ ကျင်းပတဲ့ ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့နေတဲ့ မဟာမိတ် ၅၀ ခန့် ပါဝင်ပြီး လူသိများတဲ့ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အုပ်စု (UDCG) ရဲ့ လစဉ်အစည်းအဝေးကို အော်စတင်က ဦးဆောင်နေတာပါ။

“ယူကရိန်းရဲ့ ရှင်သန်မှုဟာ အန္တရာယ်ကျရောက်နေပြီ” လို့ အော်စတင်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေ ဆက်ပြီး ခြေတလှမ်းတိုးကြဖို့၊ အမေရိကန်ကလည်း ခြေလှမ်းတွေတိုးဖို့ လိုတယ်” လို့ သူကပြောပါတယ်။

ဆီးကျိတ်ကင်ဆာ ကုသမှု ခံယူပြီးတဲ့နောက် အခုနှစ်မှာ ပထမဆုံးအကြိမ် ခရီးသွားသူ အော်စတင်ဟာ အပိုရန်ပုံငွေမပါဘဲ ယူကရိန်းကို အမေရိကန်က ဘယ်လိုထောက်ပံ့မယ်ဆိုတာ မပြောခဲ့ပါဘူး။

ရန်ပုံငွေမရခြင်းဟာ ယူကရိန်းမြေပေါ်မှာ သက်ရောက်မှုရှိနေပြီး ယူကရိန်းတပ်ဖွဲ့တွေဟာ ရှားပါးတဲ့ အရင်းအမြစ်တွေကို စီမံခန့်ခွဲဖို့ လိုနေတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘိုင်ဒင် အစိုးရက ယူကရိန်းဆီ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၃၀၀ ပေးပို့မယ်လို့ ပြောခဲ့ပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်က မမျှော်လင့်ထားတဲ့ စစ်ဘက်ဆိုင်ရာ စာချုပ်တွေကို မထင်မှတ်ဘဲ စုဆောင်းအပြီးမှာ ထူးထူးခြားခြား လုပ်ဆောင်ချက်ဖြစ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။

ဘိုင်ဒင်ဟာ အောက်လွှတ်တော်ကတဆင့် ယူကရိန်းအတွက် အကူအညီ ကြီးကြီးမားမား မရနိုင်လို့ ဥရောပရဲ့ ပံ့ပိုးကူညီမှုက တဖြည်းဖြည်း အဓိက ပိုကျလာနေတာပါ။

နိုင်ငံခြားရေးမူဝါဒ စွမ်းအင်အများစုကလည်း ဂါဇာစစ်ပွဲအတွက် အာရုံစိုက်နေကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အမေရိကန်မရှိရင် ယူကရိန်းအတွက် ဥရောပရဲ့ ပံ့ပိုးကူညီမှုက ရုရှားတပ်တွေကို ခုခံဖို့ လုံလောက်မှာမဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Thilo Schmuelgen

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013