Home
မြန်မာသတင်း
ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၃၆ နှစ်ပြည့် NUG သဝဏ်လွှာပေးပို့၊ ဘုံရည်မှန်းချက်ပန်း တိုင်ရောက်ရှိရေး ပိုမိုကြိုးပမ်းမည်
DVB
·
March 13, 2024
phon 1332024
Mann-Win-Khaing-Than

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးမှု ၃၆ နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့ခဲ့ပြီး ဘုံရည်မှန်းချက်ပန်းတိုင် အလျင်အမြန် ရောက်ရှိစေရေးအတွက်လည်း ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ လုံထိန်းတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကိုဖုန်းမော်က အဲဒီနေ့မှာပဲ ကျဆုံးသွားခဲ့ကာ ကိုစိုးနိုင်ကတော့ နောက်တနေ့မှာ ကျဆုံးသွားခဲ့တာပါ။

အဲဒီနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သတ်မှတ်ခဲ့ကြကာ ဖုန်းမော်နေ့ အခမ်းအနား တွေကို ပြည်တွင်း ပြည်ပမှာ ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူ ညီမျှရေးတို့အတွက် အသက်သွေးချွေးတွေ စတေးပေးဆပ်သွားခဲ့ကြတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီသူရဲကောင်းအ‌ပေါင်းနဲ့ ဒီကနေ့ ပြည်သူ့နွေဦးတော်လှန်ရေး ခရီးကြမ်းမှာလည်း စစ်အာဏာရှင်စနစ်လက်အောက်က အမြန်ဆုံးလွတ်မြောက် စေရေး အသက်စွန့်ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့ရဲ့ ပေးဆပ်မှုတွေကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဂုဏ်ယူနေတယ်လို့ ဖော်ပြပါ တယ်။

ဒါ့အပြင် အခု ပြည်သူ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် အပြီးတိုင် ကျဆုံးစေရေး၊ မြန်မာနိုင်ငံတွင် ဘယ်လိုအာဏာရှင်မျိုးမှ ပြန်လည်ခေါင်းမထောင်နိုင်စေရေး၊ တိုင်းရင်း သားပြည်သူ တရပ်လုံး လိုလားတောင့်တနေကြတဲ့ တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်ရေးအတွက် NUG အစိုးရ အနေနဲ့ ပြည်သူ့ဆန္ဒကို ရှေးရှုပြီး တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ယုံကြည်မှု တည်ဆောက်ကာ လက်တွဲညီညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုတယ်လို့ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013