Home
နိုင်ငံတကာ
 အပါချီရဟတ်ယာဉ်များရောင်းချရန် အမေရိကန်က ပိုလန်ကို ကမ်းလှမ်းမည်
DVB
·
March 13, 2024
US to sell Apache helicopters to Poland and approve $2 billion aid loan

အမေရိကန်ဟာ ပိုလန်နိုင်ငံကို အပါချီရဟတ်ယာဉ် ၉၆ စင်း ရောင်းချဖို့ ကမ်းလှမ်းမှာဖြစ်ပြီး ဝါဆောအတွက် တိုက်ရိုက်နိုင်ငံခြားအကူအညီ ဒေါ်လာ ၂ ဘီလီယံ ချေးငွေကို အတည်ပြုမှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က မတ် ၁၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ပိုလန်သမ္မတ အန်ဒရေး ဒူးဒါနဲ့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စ်ခ်တို့အကြား အရှေ့ပိုင်းစံတော်ချိန် ညနေ ၄ နာရီ အိမ်ဖြူတော်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပူးတွဲအစည်းအဝေး မတိုင်ခင်မှာ ဒီကြေညာချက် ထွက်လာတာပါ။

ဘိုင်ဒင်နဲ့ ပိုလန်ခေါင်းဆောင်တွေဟာ နေတိုးရဲ့ ပုဒ်မ ၅ အရ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို ထောက်ခံကြောင်း ထပ်မံအတည်ပြုမှာဖြစ်ပြီး ရုရှားအပေါ် ယူကရိန်းရဲ့ ခုခံကာကွယ်ရေးအတွက် ထောက်ခံကြောင်းလည်း ထပ်မံအတည်ပြုမှာဖြစ်ကြောင်း ဆူလီဗန်က ပြောပါတယ်။

ဒီနွေရာသီ ဝါရှင်တန်မှာ သမ္မတ ဘိုင်ဒင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးကို ကြိုပြီး ညှိနှိုင်းကြမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နဲ့ ပိုလန်ခေါင်းဆောင်တွေဟာ ရုရှားကျူးကျော်သူတွေကို တိုက်ခိုက်ရာမှာ ယူကရိန်းအတွက် စည်းလုံးညီညွတ်မှုကို ပြသဖို့ မျှော်လင့်ထားပြီး မော်စကိုရဲ့ ခြိမ်းခြောက်မှုကို ဆန့်ကျင်ဖို့ NATO အတွက် ရန်ပုံငွေတိုးမြှင့်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ပိုလန်ဟာ ယူကရိန်းအတွက် အရေးပါတဲ့ လုံခြုံရေးအကူအညီတွေ ပေးခဲ့တာဖြစ်ပြီး ဒီကနေ့ ပိုလန်ဟာ သူ့ GDP ရဲ့ ၄ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ရေးအတွက် သုံးစွဲနေပြီး NATO ကတိကဝတ်ထက် ၂ ဆပိုတိုးကာ သုံးစွဲပေးနေတာပါ။

ဘိုင်ဒင်ဟာ ယူကရိန်းလက်နက်နဲ့ အစ္စရေးအတွက် အကူအညီ ဒေါ်လာ ၉၅ ဘီလီယံလောက်ကို ရပ်တန့်ထားတဲ့ ကွန်ဂရက်က ရီပတ်ဘလီကန်တွေက သဘောထား တင်းမာသူတွေကို ကျော်လွှားဖို့ ဖိအားပေးနေချိန်မှာပဲ အိမ်ဖြူတော် အစည်းအဝေးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013