အိန္ဒိယနိုင်ငံမြောက်ပိုင်းက ပန်ဂျပ်နဲ့ ဟာယာနပြည်နယ်တို့ကြား နယ်စပ်နားမှာ လယ်သမားတွေက ရထားလမ်းတွေကို မတ်လ ၁၀ ရက်က ပိတ်ဆို့ဆန္ဒပြနေပြီး သူတို့ရဲ့ ကောက်ပဲသီးနှံတွေအတွက် စျေးနှုန်းကို ထောက်ပံ့ပေးဖို့ ထပ်ပြီး တောင်းဆိုနေကြပါတယ်။
ဒေဗီဒက်စ်ပူရရွာနားက ရထားလမ်းတွေပေါ်မှာ ထိုင်ရင်း ဆန္ဒပြသူတွေက ရထားတွေကို ဟန့်တားရင်း ကြွေးကြော်နေကြပါတယ်။
ဆန္ဒပြပွဲတွေကြောင့် ပြည်သူတွေ အဆင်မပြေတာကို ရင်ဆိုင်ရပေမဲ့ ပိုကြီးတဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်လို့ လယ်သမားများသမဂ္ဂခေါင်းဆောင် ဆာဝမ် ဆင်းဂ်ပန်ဒါက ပြောပါတယ်။
နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က အများစုဖြစ်တဲ့ လယ်သမား အယောက်ထောင်ချီဟာ “ဒေလီကိုသွားစို့” လို့ နာမည်ပေးထားတဲ့ ချီတက်ပွဲကို အရင်လကစပြီး သူတို့ ထုတ်ကုန်တွေအတွက် အာမခံနိုင်တဲ့ စျေးနှုန်းတွေရဖို့ တောင်းဆိုနေကြပေမဲ့ မြို့တော်မြောက်ပိုင်း ၁၂၅ မိုင်အကွာမှာ ရဲတွေက ဟန့်တားတာကို ခံခဲ့ရပါတယ်။
လယ်ယာထွက်ကုန် အားလုံးအတွက် ဖူလုံတဲ့ စျေးနှုန်းတွေရတာ သေချာစေဖို့ နည်းလမ်း ရှာပေးမယ်လို့ ကတိပြုပြီး လယ်ယာဥပဒေတချို့ကို ရုပ်သိမ်းပေးခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ အစိုးရလက်ထက်မှာ အလားတူ ဆန္ဒပြပွဲတွေ ဖြစ်အပြီး ၂ နှစ်အကြာမှာ ခုလို ဆန္ဒပြပွဲတွေ ပြန်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source/Photo-Reuters