Home
မြန်မာသတင်း
နိုင်ငံတဝန်း ၁၅၄ မြို့နယ်တွင် လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှု မြင့်မား
DVB
·
March 11, 2024
ISP Myanmar_11032024

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၅၄ မြို့နယ်မှာ လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှု မြင့်မားလာခဲ့တယ်လို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကာလတွေအတွင်း အနည်းဆုံး တကြိမ်နဲ့အထက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်အရေအတွက်ကတော့ ၂၂၈ မြို့နယ်ရှိလာပြီး ဒါဟာ နိုင်ငံအနှံ့မြို့ နယ်စုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီ ၂၂၈ မြို့နယ်ထဲက လုံခြုံရေးဆိုင်ရာ အကျပ်အတည်း မြင့်မားနေတဲ့ မြို့နယ်ပေါင်း ၁၅၄ မြို့နယ်ရှိပြီး အဲဒီထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေ အများဆုံး ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။ 

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ် စွန့် ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ၊ ပဋိပက္ခနဲ့ မလုံခြုံမှုတွေ၊ အရပ်သားဘေးကင်း လုံခြုံရေးနဲ့ အကာအကွယ်ရရှိမှု အန္တရာယ်တွေကြားမှာ ရှင်သန်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင် ပိုင်းတို့မှာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ နေရာအနှံ့အပြား ပျံ့နှံ့ဖြစ်ပွားနေတယ် လို့လည်း UNOCHA က ပြောပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား စစ်မီးတောက်လောင်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013