ကိုလံဘီယာနိုင်ငံမှာ တရားမ၀င် လက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရဲ့နယ်မြေတွေကို ထိန်းချုပ်မှု ပိုမိုတိုးချဲ့ခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၈ ရက်မှာ အစီရင်ခံစာ ထုတ်ပြန် ပါတယ်။
အကြမ်းဖက်မှု ခံစားနေရတဲ့ မြို့တွေဟာ ၂၀၂၂ ခုနှစ်မှာ မြို့ပေါင်း ၁၈၀ ရှိရာကနေ ၂၀၂၃ ခုနှစ်မှာတော့ ၂၀၆ မြို့အထိ ၁၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးဖက်ဒရေးရှင်းဟာ ကိုလံဘီယာမြောက်ပိုင်းရှိ ဆီအဲရာ နေဗာဒါ ဒေဆန်တာမာရ်တာ တောင်တန်းဒေသမှ ဌာနေတိုင်းရင်းသား ဗီဝါလူမျိုးတွေကို ကာကွယ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။
ဗီဝါတိုင်းရင်းသား ၃၀၀ လောက်ဟာ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ရီယိုအာချာ မြို့လို တခြားနေရာတွေမှာ ခိုလှုံနေရပါတယ်။
၂၀၂၃ ခုနှစ်မှာ စစ်ဘေးဒုက္ခသည် ၆၂,၉၆၇ ဦးနဲ့ ကလေးသူငယ်နဲ့ ဆယ်ကျော်သက် စုဆောင်းခံရမှုပေါင်း ၁၃၄ မှု ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ ဂူစတာဗို ပီထရိုဟာ ပြောက်ကျားအဖွဲ့တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေလို့ တရားမဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းခဲ့ပေမဲ့ တောင်အမေရိကတိုက်က ကိုလံဘီယာနိုင်ငံဟာ လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးထားပြီး နှစ်ပေါင်း ၆၀ ကျော် ကြာနေတဲ့ ပြည်တွင်းပဋိပက္ခနဲ့ ရင်ဆိုင်နေရတာပါ။
ရီယိုအာချာ နယ်မြေမှာ စစ်ပွဲတော့ မရှိပေမဲ့ နယ်မြေထိန်းချုပ်ဖို့ တိုက်ခိုက်နေကြတဲ့ ရာဇ၀တ်ဂိုဏ်းနှစ်ခုကြား ထိပ်တိုက်တွေ့မှုတွေတော့ ရှိနေကြောင်း ရီယိုအာချာ မြို့ အတွင်းရေးမှူး ဝီလ်ဆင် ရိုးဟာ့စ်က ပြောပါတယ်။
Source/Photo-Reuters