အိန္ဒိယနိုင်ငံအလယ်ပိုင်း ချားတစ်စ်ဂါးပြည်နယ်ရှိ သံရိုင်းတူးဖော်တဲ့ သတ္တုတွင်းတခုမှာ မြေပြိုမှုအတွင်း လူ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတ္တုတွင်းအော်ပရေတာဖြစ်တဲ့ အမျိုးသားသတ္တုဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (NMDC) က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြေပြိုမှုဟာ ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း NMDC အရာရှိတွေကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ကန်ထရိုက်တာ ၂ ဦးကို NMDC ဆေးရုံမှာ ကုသပေးနေပြီး အခုတော့ အန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။
ကျောက်တုံးပြိုကျမှုမှာ ခန့်မှန်းရခက်ကြောင်းနဲ့ အခြေအနေကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဆိုပါတယ်။
မြေပြိုမှုထဲပါသွားတဲ့ အလုပ်သမားတွေဟာ လာဆန်-အန်-တူဘရို (L&T) ကုမ္ပဏီက ဝန်ထမ်းတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမျိုးသားသတ္တုဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (NMDC) က အလုပ်သမားတွေဟာ L&T ဝန်ထမ်းတွေ ဟုတ် မဟုတ် အတိအကျ မပြောထားသလို L&T ဟာ ရိုက်တာရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိပါဘူး။
Source/Photo-Reuters