အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တလျှောက် တောမီးလောင်ကျွမ်းနေပြီး နေရာအနှံ့မှာ ဒေသခံတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေတာတွေ၊ လမ်းတွေပိတ်နေတာတွေနဲ့ ဧရိယာအတွင်း မီးခိုးထူထပ်နေတာတွေကို တွေ့ရပါတယ်။
ခြောက်သွေ့ပြီး ပုံမှန်မဟုတ်ဘဲ ပူနွေးတဲ့ ရာသီဥတုကြောင့် ပြင်းထန်တဲ့ တောမီးဟာ ဒေသတွင်း ဧက ၂ သိန်းခွဲကျော်ကို လောင်ကျွမ်းစေခဲ့တာပါ။
တက္ကဆက်ပြည်နယ်မြောက်ပိုင်းမှာ တောမီးအများအပြား လောင်ကျွမ်းနေပြီး ခုအချိန်မှာ အကြီးဆုံးဖြစ်တဲ့ Smokehouse Creek တောမီးဟာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းကစပြီး အရှိန်အဟုန်နဲ့ လောင်ကျွမ်းခဲ့ပါတယ်။
ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှု အခြေအနေကို ညွှန်ပြတဲ့ အန္တရာယ်ရှိကြောင်း အချက်ပြတဲ့ အခြေအနေတွေလည်း ပိုဆိုးရွားလာပါတယ်။
အင်္ဂါနေ့ညနေပိုင်းအထိ Smokehouse Creek တောမီးဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ ပဉ္စမမြောက် အကြီးဆုံးတောမီးဖြစ်ပါတယ်။
မနှစ်က ပြည်နယ်တွင်း လောင်ကျွမ်းခဲ့တဲ့ မီးအားလုံးရဲ့ စုစုပေါင်းဧရိယာကို ကျော်လွန်သွားခဲ့တာပါ။
မိုးရ်နဲ့ ပေါ့ထ်ထာ ခရိုင်တွေ၊ အိုကလာဟိုးမားပြည်နယ် နယ်စပ်နားက ရောဘတ်စ်မြို့နယ်ရဲ့ အစိတ်အပိုင်းတွေ အပါအဝင် ရပ်ကွက်အများအပြားအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရေးအမိန့် ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters