Home
နိုင်ငံတကာ
ယူကရိန်းအကျပ်အတည်း ဆွေးနွေးရန် တရုတ်ကိုယ်စားလှယ် ဥရောပ ၅ နိုင်ငံ သွားမည်
DVB
·
February 28, 2024
China_28022024

တရုတ်နိုင်ငံရဲ့ ဥရောပနဲ့ အာရှ - ယူရေးရှားရေးရာ အထူးကိုယ်စားလှယ်ဟာ ရုရှား၊ ပိုလန်၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့ဆီ မတ် ၂ ရက်ကစပြီး သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။

ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်မှုရရှိစေရေးအတွက် တရုတ်အစိုးရရဲ့  ယူရေးရှားရေးရာ အထူးကိုယ်စားလှယ် လီဟွေ့ဟာ ဒုတိယအကြိမ် သံတမန်ရေးရာ ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လက်ရှိ အရေးအကြီးဆုံးက ငြိမ်းချမ်းရေးကို ပြန်ထူထောင်ဖို့ပါပဲလို့ မော်က သတင်းထောက်တွေကို ဖြေခဲ့ပါတယ်။

ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ တရုတ်နိုင်ငံက ဆက်ပြီး ထူးခြားတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024