ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ဟာ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်နဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
သူတို့ရဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အန်နဝါက မလေးရှား ကုမ္ပဏီတွေ ကမ္ဘောဒီးယားမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော်ပြီလို့ ပြောပါတယ်။
ဟွန်မာနက်ဟာ ၂၀၂၃ မှာ ဝန်ကြီးချုပ်ဖြစ်အပြီး မလေးရှားကို ပထမဆုံး လာရောက်လည်ပတ်ခဲ့တာပါ။
မလေးရှား ပင်လယ်ကြမ်းပြင်ကို ဖြတ်သန်းသွယ်တန်းထားတဲ့ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ ရေအောက် လျှပ်စစ်ဖြန့်ဖြူးရေးအတွက် ထောက်ပံ့ကူညီတဲ့ အန်နဝါကို ကျေးဇူးတင်ကြောင်း ဟွန်မာနက်က ပြောခဲ့ပါတယ်။
နှစ်နိုင်ငံ ဗဟိုဘဏ်တွေကလည်း ဒေသခံ ငွေကြေးနဲ့ ကုန်သွယ်ရေးတွေနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Source/Photo-Reuters