ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်ရွာရှိ ရဲစခန်းကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က အပြီးသိမ်းပိုက် မီးရှို့ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက “ဖားကန့် တာမခန်ရဲစခန်းကို ဒီမနက် ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီမှာ ရဲစခန်းကို သိမ်းပိုက် မီးရှို့ ရှင်းလင်းလိုက်ပြီ။ ဒီမနက် ၈ နာရီမှာ အပြီးအစီး သိမ်းပိုက်လိုက်နိုင်ပြီ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီ ၂၁ မိနစ်လောက်ကစပြီး တာမခန် ခမရ ၁၁၉ တပ်စခန်းနဲ့ နယ်မြေခံရဲစခန်းကို KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆၊ တပ်ရင်း ၃၁ နဲ့ KPDF ပူးပေါင်းအဖွဲ့တွေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “တာမခန်မှာ တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်။ တာမခန်ရွာက ရဲစခန်းတော့ သိမ်းလိုက်ပြီ။ ဒီမနက်၊ ခုနကပဲ။ ပြီးခဲ့တဲ့ တနာရီကျော်၊ နှစ်နာရီလောက်က။ မနေ့ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်ကစ တိုက်ပွဲဖြစ်တာ။ အခု စစ်တပ်ကျန်နေသေးတယ်။ ဘယ်ချိန်တိုက်မှာလဲဝောာ့ မသိဘူး” လို့ ပြောပါတယ်။
ရွာခံတွေကဝောာ့ ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေပြီး လက်ရှိ ဖုန်းဆက်လို့ ရနေပေမဲ့ အင်တာနက်လိုင်းတွေ ဖြတ်ဝောာက်ထားကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူနေတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်ဝါရီ ၂၀ ရက်က ဖားကန့်မြို့ အဝင်အထွက်အတွက် အရေးကြီးတဲ့ စစ်ကောင်စီ တပ်မ ၃၃ အောက်က ဝှေခါဗျူဟာကုန်းနဲ့ ဖေဖော်ဝါရီ ၂ ရက်က နန့်တိန်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။