မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အချင်းချင်းသတ်ဖြတ်မှု ဖြစ်ခဲ့ပြီး ပြစ်မှုကျူး လွန်တယ်လို့ သံသယရှိတဲ့ စားသောက်ဆိုင်အလုပ်သမား မြန်မာအမျိုးသား တယောက်ကို ဖေဖော်ဝါရီ ၂၆ ရက်က တရားရုံးမှာ ကြားနာစစ်ဆေးနေတယ်လို့ Malay Mail သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ် ဟာဆန်အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ စားသောက်ဆိုင် အလုပ်သမားတယောက်ဖြစ်ပြီး ကြွေးမြီကိစ္စကြောင့် တနိုင်ငံတည်းသားဖြစ်တဲ့ ကိုကျော်ကျော်ကို ကပုန်းမြို့က ဘတ်စကက်ဘော ကစားကွင်းမှာ ညသန်းခေါင်အချိန်ကနေ မနက် ၄ နာရီ အတွင်း သတ်ဖြတ်ခဲ့မှု ကျူးလွန်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ သူ့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။
ပြစ်မှုထင်ရှားရင်တော့ သေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် အနှစ် ၃၀ ကနေ ၄၀ ကြားထိ ကျခံရမှာဖြစ်ပြီးတော့ မလေးရှားနိုင်ငံမှာ လူသတ်မှုဖြစ်စဉ်တွေက တရားရုံးချုပ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတာကြောင့် စွပ်စွဲခံရသူဘက်က အသနားခံစာ မှတ် တမ်းတင်ထားနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဒီအမှုကို တရားရုံးက လာမယ့် မေလ ၂၈ ရက်မှာ ထပ်မံကြားနာ စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။
Source: MalayMail