အမေရိကန် ပုဂ္ဂလိကကုမ္ပဏီ စထရာတိုလန့်ချ်ဟာ သယ်ဆောင်နိုင်ပြီး ပြန်သုံးနိုင်တဲ့ အသံထက်မြန်တဲ့ ဒုတိယမြောက်ယာဉ်ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ လေယာဉ်ကို စမ်းသပ်ပျံသန်းခဲ့တယ်လို့ စထရာတိုလန့်ချ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က အသံထက်မြန်တဲ့ လက်နက်အသစ်တွေ တီထွင်ထုတ်လုပ်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေချိန်မှာ ပုဂ္ဂလိကကုမ္ပဏီက ခုလိုပြောလိုက်တာပါ။
စထရာတိုလန့်ချ် တာလွန် အေ လေယာဉ်ဟာ တွန်းကန်ပစ္စည်းကို တင်ဆောင်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ရင်း လေးနာရီကျော်ကြာ ပျံသန်းခဲ့တာပါ။
အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်တွေဟာ တုံ့ပြန်မှုအချိန်ကို လုပြီး သမားရိုးကျ ကာကွယ်ရေးယန္တရားတွေကို ရှောင်လွှဲနိုင်တဲ့ မျိုးဆက်သစ် လက်နက်တွေနဲ့ အသံထက်မြန်တဲ့ လက်နက်တွေကို အရှိန်မြှင့် ထုတ်လုပ်နေတာပါ။
စထရာတိုလန့်ချ်ဟာ အခုနှစ်အတွင်း ပြန်သုံးနိုင်တဲ့ တာလွန်အေ ကို တိုးတက်အောင်လုပ်တာ အပြီးသတ်ဖို့ မျှော်လင့်ထားပါတယ်။
Source/Photo-Reuters