အနောက်အာဖရိကဒေသဆိုင်ရာအစုအဖွဲ့ အီကိုဝက်စ် (ECOWAS)ဟာ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေစေရေးအတွက် ဒေသတွင်းစစ်အစိုးရ ဦးဆောင်တဲ့ နိုင်ငံတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေတာကြောင့် ဗျူဟာပြောင်းဖို့ စဉ်းစားသင့်တယ်လို့ အီကိုဝက်စ်ရဲ့ ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ဇန်န၀ါရီလမှာ နက်ရှိုင်းလာခဲ့တဲ့ အာဏာသိမ်းမှုတွေဖြစ်ခဲ့တဲ့ ဒေသထဲမှာ စစ်အစိုးရတွေက အုပ်ချုပ်တဲ့ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံတွေမှာ နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့နဲ့ မာလီနိုင်ငံက အီကိုဝက်စ်အဖွဲ့ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်နေလို့ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေပါတယ်။
ဇူလိုင် ၂၆ ရက်မှာ စစ်သားတွေက သမ္မတ မိုဟာမဒ် ဘာဇွန်းမ်ကို ဖမ်းဆီးအပြီး ကြားဖြတ်အစိုးရက ဖွဲ့ခဲ့တဲ့ မနှစ်ကစလို့ ECOWAS ဟာ နိုက်ဂျာနိုင်ငံကို နယ်စပ်တွေ ပိတ်ပစ်ခဲ့ပြီး တင်းတင်းကျပ်ကျပ် အရေးယူခဲ့ပါတယ်။
အဲဒီနောက် ဒေသတွင်းမှာ စစ်တပ်တွေက ဆက်တိုက် အာဏာသိမ်းယူခဲ့ကြလို့ အီကိုဝက်စ် အစုအဖွဲ့ရဲ့ ဒီမိုကရေစီ ဖောက်ပြန်မှုကို ရပ်တန့်ဖို့ မစွမ်းဆောင်နိုင်ခဲ့တာ မြင်သာခဲ့တယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။
Source/Photo-Reuters