ကနေဒါနိုင်ငံဟာ ရုရှားနဲ့ စစ်ဖြစ်ရာမှာ ကူညီဖို့အတွက် မစ်ရှင်အစုံသုံး SkyRanger R70 ဒရုန်း အစင်း ၈၀၀ ကျော်ကို ယူကရိန်းဆီ လှူဒါန်းမှာဖြစ်ကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲရ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အွန်တေရီယိုပြည်နယ် ဝါးတားလူးမြို့ရှိ တယ်လီဒိုင်းန် နည်းပညာကုမ္ပဏီက အရင်းအမြစ်ဖြစ်တဲ့ ဒရုန်းတွေဟာ ကနေဒါဒေါ်လာ ၉၅ သန်းကျော် တန်ဖိုးရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဒီပေးလှူမှုဟာ ဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုး မနှစ်က ကိယက်ဗ်ကို သွားရောက်ချိန်က ကြေညာခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အကူအညီ ကနေဒါဒေါ်လာ သန်း ၅၀၀ ထဲကနေ ထောက်ပံ့တာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ကနေဒါနိုင်ငံဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ရေးအထောက်အပံ့ ကနေဒါဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် အပါအဝင် ၉ ဒသမ ၇ ဘီလီယံကျော် အကူအညီ ပေးခဲ့ကြောင်း နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters