လီဗာပူးနည်းပြသစ် ဒီဇာဘီ ဖြစ်လာရင် အံ့အားသင့်မှာမဟုတ်ကြောင်း ဘရိုက်တန် ကစားသမား လယ်လာနာက ပြောသွားပါတယ်။
လီဗာပူးကစားသမားဟောင်း လယ်လာနာဟာ ဘရိုက်တန်အသင်းမှာ ကစားနေသူပါ။ လာမယ့်ရာသီသစ်မှာ လီဗာပူးနည်းပြသစ်က ဒီဇာဘီ ဖြစ်လာမယ်ဆိုရင် အံ့အားသင့်မှာမဟုတ်ဘဲ နည်းပြ ဒီဇာဘီကို အသင်းများစွာက စောင့်ကြည့်လေ့လာနေကြောင်း လယ်လာနာက ပြောပါတယ်။
သူ့ရဲ့အမြင်အရ ဒီဇာဘီဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တယောက်ဖြစ်ကြောင်းနဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း လယ်လာနာက ပြောသွားပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူ လယ်လာနာဟာ လီဗာပူးမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်း ပွဲ ၂၀၀ နီးပါး ကစားပေးခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters