ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး အမ်ဘာပေရဲ့နေရာမှာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။
အမ်ဘာပေဟာ အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်လို့ တိုက်စစ်မှူး တဦး ခေါ်ယူဖို့ ရှိနေတာပါ။
The Times သတင်းစာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ မန်ယူတိုက်စစ်မှူး ရှက်ရှ်ဖို့ဒ်ကို အမ်ဘာပေရဲ့နေရာမှာ အစားထိုးဖို့ စီစဉ်နေပြီး ရာသီကုန်ဆုံးချိန်မှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဖော်ပြပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ဖူးပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းအပေါ် ချီးကျူးခဲ့ဖူးပြီး ခေါ်ယူသွားဖို့ ပစ်မှတ်ထားကြိုးပမ်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မနှစ်ကမှ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုးထားတာဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ စောင့်ကြည့်ရနိုင်ပါတယ်။
Photo-Reuters