Home
နိုင်ငံတကာ
ရီယို ဆမ်ဘာအကပြိုင်ပွဲတွင် လူမည်းအမျိုးသမီးများအကြောင်း ဖော်ကျူးသည့်အဖွဲ့ ဗိုလ်စွဲ
DVB
·
February 16, 2024
Samba_16022024

ရီယိုကာနီဗယ်ပွဲတော်ရဲ့ အဓိကအကျဆုံးပွဲဖြစ်တဲ့ ဆမ်ဘာ အကအလှ စီတန်းလှည့်လည်မှု ပြိုင်ပွဲမှာ လူမည်းအမျိုးသမီးတွေအကြောင်း ဖော်ကျူးထားတဲ့ ဗီရာဒိုရိုအဖွဲ့က ဗိုလ်စွဲသွားပါတယ်။

ဗိုလ်စွဲတဲ့ ဗီရာဒိုရိုအဖွဲ့ အပါအဝင် ပြိုင်ပွဲဝင်တွေထဲက အကောင်းဆုံး ခြောက်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ထပ်မံဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့က ဆမ်ဘာဒရုမ်းလို့ခေါ်တဲ့ ကွင်းကြီးထဲမှာ နောက်ဆုံးဆန်ခါတင် အဖွဲ့ ၁၂ ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီရာဒိုရိုအဖွဲ့ဟာ ၁၂ ဖွဲ့ထဲမှာ နောက်ဆုံးပြိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး အာဖရိကတိုက်က ဘီနင်နိုင်ငံမှာ အထွတ်အမြတ်ထားတဲ့ မြွေဟောက်ပုံရိပ်တွေနဲ့ အဓိက သရုပ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံနဲ့ ဘီနင်နိုင်ငံရဲ့ သမိုင်းကြောင်းဆက်နွှယ်မှုကို အဓိက ဖော်ပြလိုတာ ဖြစ်ပါတယ်။

တချိန်က ပေါ်တူဂီကိုလိုနီ ဘရာဇီးနိုင်ငံကို ဘီနင်နိုင်ငံက လူမည်းတွေ ကျွန်အဖြစ်  အဓမ္မခေါ်ဆောင်ခံခဲ့ရပါတယ်။

အဲဒီလူမည်းအမျိုးသမီးတွေအကြောင်း ဗီရာဒိုရိုအဖွဲ့က အဓိက သရုပ်ဖော်သွားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဗူးဒူးယုံကြည်မှုတွေကိုလည်း ထည့်သွင်းကပြခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024