Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ဒုံးကျည်နှင့် လျှပ်တပြက်တိုက်ခိုက်နိုင်စွမ်း အားဖြည့်နေ
DVB
·
February 15, 2024
Japanese government says North Korea seeking to raise surprise attack capability

မြောက်ကိုရီးယားဟာ ဒုံးကျည်နဲ့ လျှပ်တပြက် တိုက်ခိုက်နိုင်စွမ်းကို အားဖြည့်နေတယ်လို့ ဂျပန်အစိုးရရဲ့  ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောတွေနဲ့ ယာဉ်တွေမှာ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေ အပါအဝင် ရွေ့လျားပစ်စင်တွေကနေ ဒုံးကျည်တွေကို ပစ်လွှတ်ခြင်းအားဖြင့် ထောက်လှမ်းသိရှိနိုင်ဖို့ ခက်ခဲအောင် ရည်ရွယ်ထားတယ်လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာ့ဆာ့ ဟာယာ့ရှိက မြို့တော်တိုကျိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတရပ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဂျပန်ဟာ မဟာမိတ်တွေ၊ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ အနီးကပ်လက်တွဲရင်း အခြေအနေကို စောင့်ကြည့်သွားမယ်လို့လည်း သူကပြောပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကနေ ဖေဖော်ဝါရီ ၁၄ ရက်က ခရုဇ်ဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောအပြီး ဟာယာ့ရှိရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။

တောင်ကိုရီးယားမှာ အထွေထွေရွေးကောက်ပွဲကို ဧပြီလမှာ မကျင်းပမီ လတ်တလော သီတင်းပတ်တွေအတွင်းမှာလည်း မြောက်ကိုရီးယားဟာ စမ်းသပ်မှုအများအပြားကို ဆောင်ရွက်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024