Home
နိုင်ငံတကာ
အီရန်ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမီးလောင်
DVB
·
February 15, 2024
Iran' world 1522024

အီရန်နိုင်ငံရဲ့ ပင်မ တောင်-မြောက် ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်တလျှောက် နေရာနှစ်ခုမှာ ဖေဖော်ဝါရီ ၁၄ ရက်က ပေါက်ကွဲခဲ့တယ်လို့ အီရန်ရေနံဝန်ကြီး ဂျာဗဒ် အိုဂျီက အစိုးရရုပ်သံကို ပြောပါတယ်။

သံသယရှိသူ ဘယ်သူဘယ်ဝါဆိုတာ နာမည် မတပ်ခဲ့ပါဘူး။ မီးလောင်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ ဗွီဒီယိုဖိုင်ကို ရုပ်မြင်သံကြားဌာနက ပြခဲ့ပါတယ်။ ဗွီဒီယိုရိုက်ကူးခဲ့တဲ့ ရက်စွဲနဲ့ တည်နေရာကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီဖြစ်ရပ်ကြောင့် ပြည်နယ်တချို့က စက်မှုလုပ်ငန်းတွေနဲ့ ရုံးတွေမှာ ဓာတ်ငွေ့ ပြတ်တောက်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေကို အာဏာပိုင်တွေက ငြင်းဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီး အိုဂျီက ၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်ကို ထောက်ပြခဲ့ပြီး နိုင်ငံအတွင်း မတူတဲ့ ဒေသလေးခုမှာ ဓာတ်ငွေ့တွေ ယာယီပြတ်တောက်ခဲ့တဲ့ အဖျက်အမှောင့် လုပ်ရပ်လို့လည်း သူက ပြောခဲ့ပါတယ်။

အီရန်မှာ ခုလိုတိုက်ခိုက်မှုတွေဟာ ရှားရှားပါးပါးပါ။ ဒါပေမဲ့ အီရန်နိုင်ငံထဲက အာရပ်ခွဲထွက်ရေး စစ်သွေးကြွတွေက နိုင်ငံရဲ့အနောက်ပိုင်း ခူဇက်စတန်ပြည်နယ်အတွင်း ညှိနှိုင်းတိုက်ခိုက်ရင်း ရေနံပိုက်လိုင်းနှစ်ခုကို ဖောက်ခွဲခဲ့တယ်လို့ ၂၀၁၇ ခုနှစ်မှာ အခိုင်အမာ ပြောခဲ့ပါတယ်။

အီရန်အစိုးရဟာ နျူးကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ တိုးတက်ရေး ကြိုးပမ်းမှုအပေါ် အစ္စရေးက တိုက်ခိုက်နေတာလို့ စွပ်စွဲခဲ့တဲ့ ဆယ်စုနှစ်များစွာကြာနေတဲ့ လျှို့ဝှက်စစ်ပွဲအတွင်း အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးဌာနနဲ့ အဆက်အစပ်ရှိသူလို့ စွပ်စွဲခံထားရတဲ့ လူငါးဦးကို ဒီဇင်ဘာလတုန်းက ကွပ်မျက်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024