Home
သတင်းဓာတ်ပုံ
ကျောက်တော်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အေအေ သိမ်းပိုက် (ဓာတ်ပုံ) 
DVB
·
February 14, 2024
AA 4_14022024
AA 1_14022024
AA 2_14022024
AA 3_14022024
AA 5_14022024
AA 6_14022024
AA 7_14022024
AA 8_14022024
AA 9_14022024
AA 10_14022024
AA 11_14022024
AA 12_14022024
AA 13_14022024
AA 14_14022024
AA 15_14022024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းတွေ အားလုံးကို သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် (အေအေ)က  ဖေဖော်ဝါရီ ၁၃  ရက်မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ကြေညာပါတယ်။

တရက်တည်းမှာပဲ မင်းပြားမြို့နယ်မှာလည်း သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁ စီးကို  ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဒုက္ခပေးနေတဲ့ စစ်သင်္ဘော ၁ စီးအားကို ထပ်မံ တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ  ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီ ရေတပ်က စစ်သင်္ဘော ၂ စီးနဲ့ ဇက်ရေယာဉ် ၁ စီးကို  တိုက်ခိုက်ခဲ့ပြီး မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် ပြုလုပ်နိုင်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၇  ရက်မှ ၁၃ ရက်အထိ၊ ၆ ရက်တာ ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃ စီးနဲ့  ဇက်ရေယာဉ် ၂  စီး၊ စုစုပေါင်း ၅  စီးကို  တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ပြီး သင်္ဘာ ၄ စီးမှာလည်း ရေချလို့ မရနိုင်တဲ့အထိ ပျက်စီးသွားခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အဆိုပါ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Photo- AA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024