Home
မြန်မာသတင်း
မြိုင်မြို့နယ် သရက်ကန်ပျူရွာက ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ
DVB
·
February 14, 2024
pyuu

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူရွာကနေ ကင်းပတ်လာတဲ့ ပျူစောထီးတွေကို ရွာတောင်ဘက်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၇ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီး ၂ ဦး နေရာတင်သေဆုံးပြီး ၅ ဦးကို အရှင်ဖမ်းမိရတယ်လို့ Earthquake People's Defense Force အဖွဲ့ကနေ သိရပါတယ်။

Earthquake People's Defense Force သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိန်က “ပျူရွာကနေ ပျူ ၁၅ ဦး ထွက်လာတယ်။ လက်နက်မပါတာ ၇ ယောက်၊ လက်နက်ပါတာ ၈ ယောက်၊ ပစ်ခတ်မှုဖြစ်တော့ လက်နက်မပါတဲ့နှစ်ယောက် သေတယ်၊ ၅ ယောက်က လက်မြှောက်တော့ အရှင်ဖမ်းမိတယ်။ ပစ်တဲ့အချိန် လက်နက်ပါတဲ့ ၈ ယောက်က ပစ်ပြေးသွားတယ်” လို့ ပြောပါတယ်။

ပျူစောထီး ၂ ဦး သေဆုံးပြီးနောက် သရက်ကန် ပျူရွာဘေးပတ်ဝန်းကျင်က ပျူဘန်ကာတဲတွေကို မီးရှို့နိုင်ခဲ့ပြီး ပျူအလောင်းလာသယ်တဲ့ တခြား ပျူစောထီးတွေကိုလည်း ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အလောင်းထပ်လာကောက်တဲ့ ပျူစောထီး ၅ ယောက်ကို ထပ်ပစ်တာ၊ သူတို့လည်း သေတယ်။ ဒီနေ့ တိုက်ပွဲနှစ်ကြိမ်မှာ ပထမအကြိမ်မှာ နှစ်ယောက်သေတယ်၊ ဒုတိယအကြိမ်မှာ ငါးယောက်သေတယ်၊ စုစုပေါင်း ခုနှစ်ယောက်သေတယ်” လို့ ကိုပိန်က ဆက်ပြောပါတယ်။

ပခုက္ကူအခြေစိုက် ဒေသတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ Earthquake People's Defense Force၊ Young Force နဲ့ Pakokku People's Defense Force တို့ စုပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့အပြင် မြို့သိမ်းတိုက်ပွဲတွေအထိပါ ရည်ရွယ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Badassess Burma Force, TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊  Pakokku People's Defence Force၊ Young Force UG၊ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၄ စကြာတပ်ဖွဲ့နဲ့ Earthquake People's Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024