ပင်လယ်နီကို ဖြတ်သန်းခုတ်မောင်းလာတဲ့ ကုန်သင်္ဘော ၂,၀၀၀ လောက်ကို အောင်အောင်မြင်မြင် ကာကွယ်ပေးခဲ့ပြီးပြီလို့ အမေရိကန် လေယာဉ်တင်သင်္ဘော ဒွိုက်ဒီ အိုက်ဆင်ဟောင်ဝါပေါ်ရှိ အမေရိကန်စစ်တပ်က ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက် ၆၀ ကျော်အတွင်း ဟူသီတွေရဲ့ လှုပ်ရှားမှုတွေ လျော့သွားတာ မြင်ရတယ်လို့ အမေရိကန်ရေတပ် စစ်ဦးစီးမှူး မာ့ခ် မစ်ဂက်ဇ်က ပြောပါတယ်။
ယီမင်နိုင်ငံအခြေစိုက် ဟူသီလှုပ်ရှားမှုအဖွဲ့ဟာ နိုင်ငံရဲ့ လူအထူထပ်ဆုံး နေထိုင်ရာဒေသ အများစုကို ထိန်းချုပ်ထားတာပါ။
နိုဝင်ဘာလလယ်တည်းက ဟူသီတွေဟာ နိုင်ငံတကာသင်္ဘောတွေရဲ့ ကုန်သွယ် သင်္ဘောလိုင်းတွေကို ဒရုန်းယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ထပ်ခါတလဲလဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
သူတို့တိုက်ခိုက်တာဟာ ဂါဇာက ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တွေကို စာနာလို့ ဖြစ်ပြီး ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်တာလို့ ဟူသီတွေက ပြောပါတယ်။
ဟူသီတွေရဲ့ တိုက်ခိုက်မှုကြောင့် ကုမ္ပဏီအတော်များများဟာ ပင်လယ်နီခရီးစဉ်ကို ရပ်ဆိုင်းခဲ့ရပြီး အာဖရိကတိုက်ကိုပတ်ရတဲ့ ပိုခရီးရှည်ပြီး ကုန်ကျစရိတ်ပိုများတဲ့ လမ်းကြောင်းကို ရွေးချယ် သွားလာနေရပါတယ်။
Source/Photo-Reuters