Home
မြန်မာသတင်း
ထိုင်းလုပ်ငန်းခွင်တွင် ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမား ၁ ဦး နစ်နာကြေး ဘတ် ၂ သိန်းရ
DVB
·
February 13, 2024
thai 1322024

ထိုင်နိုင်ငံ၊ ချွန်ပူလီခရိုင်၊ ချာချင်စောင်မြို့မှာ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမားတယောက် ဖေဖော်ဝါရီ ၁၂ ရက်က ‌နစ်နာကြေး ဘတ် ၂ သိန်း ရရှိခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

ချာချင်စောင်မြို့ရှိ စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ကိုမျိုးချစ်ဦးဟာ ဧပြီလက လုပ်ငန်းခွင်အတွင်း သံထည်တွေကို စက်နဲ့ဖြတ်တဲ့အချိန် သံစပွင့်ထွက်ပြီး ဘယ်ဘက်မျက်လုံးအတွင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့အတွက် ချွန်ပူလီမြို့ရှိဆေးရုံမှာ ၇ ရက်နဲ့ ဘန်ကောက်ဆေးရုံမှာ ၆ ရက် ဆေးကုသမှု ခံခဲ့ရပါတယ်။

အလုပ်လုပ်ချိန်အတွင်း ဖြစ်ပွားခဲ့ပေမဲ့ စက်ရုံက တာဝန်ယူမှုမရှိခဲ့တာကြောင့် နစ်နာကြေးရရှိဖို့အတွက် WAG အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက “အလုပ်သမားတွေ အကူအညီတောင်းတဲ့အတွက် ပကန်စံခွန်ရုံးကို သွားရောက်တိုင်ကြား ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီမှာ စက်ရုံရဲ့ မြန်မာစကားပြန်က စက်ရုံထဲမှာဖြစ်တာမဟုတ်ဘူး၊ အပြင်မှာဖြစ်တာလို့ လိမ်ညာထွက်ဆိုမှုကြောင့် ‌နစ်နာကြေးမရတော့ဘူး။ အဲ့ဒါကြောင့် သူဌေးနဲ့ ညှိတဲ့အချိန်မှာ သူဌေးက ဘတ် ၁ သိန်းခွဲပေးတယ်။ ကျနော်တို့က ဘတ် ၂ သိန်းနဲ့ ညှိနှိုင်းခဲ့တာပါ” လို့ ပြောပါတယ်။

ရရှိခဲ့တဲ့ နစ်နာကြေး ဘတ် ၂ သိန်းကို နစ်နာသူ မြန်မာအလုပ်သမား ကိုမျိုးချစ်ဦးကို WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်မှာ ပေးအပ်ခဲ့ပြီး မြန်မာအလုပ်သမားက WAG အဖွဲ့အတွက် ဘတ် ၂,၀၀၀ ပြန်လှူခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်၊ စဖာဟင်မြို့မှာ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား ကိုထက်လင်းဦး နစ်နာကြေး ဘတ် ၃ သိန်းကျော် ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024