Home
နိုင်ငံတကာ
အစ္စရေးထံ F-35 တိုက်လေယာဉ်အစိတ်အပိုင်း တင်ပို့မှုမလုပ်ရန် နယ်သာလန်တရားရုံး တားမြစ်
DVB
·
February 13, 2024
Dutch court orders halt to export of F-35 jet parts to Israel

အစ္စရေးအစိုးရရဲ့ ဂါဇာထိုးစစ်အတွင်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာမှာ အသုံးချမှာကို စိုးရိမ်လို့ အစ္စရေးနိုင်ငံဆီ F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ပို့မှုအားလုံးကို ပိတ်ပင်ဖို့ နယ်သာလန် အယူခံတရားရုံးတခုက အစိုးရကို ဖေဖော်ဝါရီ ၁၂ ရက်မှာ အမိန့်ချလိုက် ပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်တဲ့ ဂါဇာကို တိုက်ခိုက်မှုတွေမှာ ဂျက်လေယာဉ် အစိတ်အပိုင်းတွေကို သုံးနေတာဟာ ရှင်းလင်းပြတ်သားတဲ့ အန္တရာယ်လို့ တရားရုံး ပြောရေးဆိုခွင့်ရှိသူ မာတင်ဟိုနီးက ပြောပါတယ်။

နယ်သာလန်ဟာ အမေရိကန်ပိုင် F-35 အစိတ်အပိုင်းတွေကို သိုလှောင်ရာ ဒေသန္တရ ကုန်လှောင်ရုံ အများအပြားထဲက တခုကို ပိုင်ဆိုင်ထားတာပါ။

F-35 အစိတ်အပိုင်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အစ္စရေး အပါအဝင် အမေရိကန်တောင်းဆိုတဲ့ နိုင်ငံတွေဆီကို အနည်းဆုံး တင်ပို့မှုတကြိမ် ဖြန့်ဝေပေးခဲ့ပါတယ်။

တရားသူကြီး ဘတ်ဘိုးက ဒတ်ခ်ျအစိုးရဟာ အနာဂတ်မှာ အစ္စရေးဆီ F-35 အစိတ်အပိုင်းတွေ တင်ပို့ခွင့်ပြုနိုင်ပေမဲ့ ဂါဇာက စစ်ရေးစစ်ဆင်ရေးတွေမှာ မသုံးဘူးဆိုတဲ့ တင်းကျပ်တဲ့ အခြေအနေမှာသာ ခွင့်ပြုမယ်လို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024