ကမ္ဘာ့မာရသွန် အပြေးစံချိန်ရှင် ကယ်လ်ဗင်ကစ်ပ်တွမ်ဟာ နည်းပြဖြစ်သူ ဂျာဗေ့စ်ဟာကီဇီမားနားနဲ့အတူ ယာဉ်တိုက်မှုတခုမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်က ကင်ညာဝန်ကြီးချုပ်ဟောင်း ရိုင်လာအိုဒင်ဂါက ဒီသတင်းကို သူ့ရဲ့ X လူမှုကွန်ရက်ပေါ်မှာ အတည်ပြုပေးခဲ့ပါတယ်။
လက်ရှိ အားကစားရေးရာဝန်ကြီးကလည်း "အလွန်ကြေကွဲဝမ်းနည်းရပါတယ်။ ကင်ညာရဲ့ အဖိုးတန်ရတနာတပါးကို ဆုံးရှုံးလိုက်ရတာပါ။ စကားလုံးတွေ ကင်းမဲ့တဲ့အထိပါပဲ"လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးပါတယ်။
လွန်ခဲ့တဲ့နှစ်ရဲ့ အောက်တိုဘာလအတွင်း အသက် ၂၄ နှစ်အရွယ် ကင်ညာနိုင်ငံသားဟာ ချီကာဂိုမာရသွန် အပြေးပြိုင်ပွဲမှာ ၂ နာရီ၊ ၃၅ စက္ကန့်နဲ့အတူ ကမ္ဘာ့စံချိန်သစ်တရပ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်၊ ဘာလင်ပြိုင်ပွဲတုန်းက တနိုင်ငံတည်းသား အယ်လီရော့ဒ် ကစ်ပ်ချိုဂီရဲ့ ၂ နာရီ ၁ မိနစ်နဲ့ ၉ စက္ကန့်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters