အိန္ဒိယရေတပ်အရာရှိဟောင်း ၈ ဦးကို သေဒဏ်ချမှတ်ပြီးတဲ့နောက် လအနည်းငယ်အကြာမှာ ကာတာနိုင်ငံက ပြန်လွှတ်ပေးခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
ဖမ်းဆီးခံရပြီးတဲ့နောက် ၁၈ လကျော်ကြာ သံတမန်ဆက်ဆံရေးကို စိန်ခေါ်တဲ့ ဆုံးဖြတ်ချက်အတွက် ကာတာစော်ဘွားကို ဂုဏ်ပြုတယ်လို့လည်း ပြောခဲ့ပါတယ်။
သူတို့ ၈ ယောက်ကို အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပေမဲ့ အိန္ဒိယနဲ့ ကာတာ အစိုးရတို့က စွဲချက်တွေကို အတည်မပြုသေးပါဘူး။
သူတို့ရဲ့သေဒဏ်ကို အောက်တိုဘာလမှာ ချမှတ်ခဲ့ပြီး ဒီဇင်ဘာလမှာ ရုပ်သိမ်းခဲ့တာပါ။
သူတို့ထဲက အရာရှိ ၇ ဦးကတော့ အိန္ဒိယနိုင်ငံဆီ ပြန်သွားပြီလို့ အိန္ဒိယအစိုးရက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီ ကိုယ်တိုင် ကြားဝင် ဆောင်ရွက်ပေးလို့ သူတို့လွတ်မြောက်ရေး အထောက်အကူ ဖြစ်ခဲ့တာလို့ အရာရှိဟောင်းအချို့က နယူးဒေလီမြို့တော်ဆီ ရောက်ရောက်ချင်း မီဒီယာကို ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ဖမ်းဆီးခံရပြီးတဲ့နောက် အိန္ဒိယအစိုးရဟာ ကာတာနိုင်ငံနဲ့ လအတော်ကြာ ဆွေးနွေးခဲ့ပြီး ဒီကိစ္စဟာ အိန္ဒိယအတွက် အရေးကြီးတဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းသူ ကာတာအစိုးရနဲ့ ဆက်ဆံရေးကို စိန်ခေါ်တဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။
Source/Photo-Reuters