ဆိုမာလီနိုင်ငံထဲက စစ်တပ်တွေကို လေ့ကျင့်ပေးနေတုန်း အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က စစ်ဘက်အရာရှိ သုံးဦးရဲ့ ရုပ်အလောင်းတွေ ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့တော်ဆီ ဖေဖော်ဝါရီ ၁၁ ရက် မှာ ရောက်လာခဲ့တယ်လို ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စနေနေ့က တိုက်ခိုက်မှုအတွင်း ဒဏ်ရာ ရခဲ့တဲ့ ယူအေအီးစစ်ဘက်ဆိုင်ရာ စတုတ္ထမြောက် အဖွဲ့ဝင် တယောက်ကတော့ ယူအေအီးကို ရောက်ပြီးမှ သေဆုံးသွားခဲ့တယ်လို့ ဝန်ကြီးဌာနက လူမှုကွန်ယက် မီဒီယာ X မှာ ရေးပါတယ်။
တိုက်ခိုက်မှုအတွင်း ဘာရိန်းနိုင်ငံက ကာကွယ်ရေး တပ်ဖွဲ့ဝင် တယောက်လည်း သေဆုံးခဲ့တယ်လို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters